City Rewards နဲ့ဆို သင်ဒါတွေ လုပ်လို့ရတယ်နော် …

Rewards တွေရမယ်

City Mart တွင် ဈေးဝယ်ပြီး
အမှတ်များ ရယူလိုက်ပါ။ ရရှိသောအမှတ်များကို ငွေသားလိုသုံးနိုင်ပါတယ်။

ငွေသားကိုင်ဆောင်စရာ မလိုတော့ဘဲ ဈေးဝယ်ကြမယ်

အချိန်တိုင်း၊ နေရာတိုင်း လွယ်ကူသက်သာစွာ ငွေပေးချေလိုက်ပါ။

ဖုန်းငွေဖြည့်မယ်

ဖုန်းငွေဖြည့်သွင်း လိုက်ပါ။

City Mall Online မှာ ဈေးဝယ်ကြမယ်

City Mall Online မှာ ဈေးဝယ်ယူနိုင်ပါပြီ။

အသုံးပြုပုံ

အမှတ်များ ရယူနိုင်သောနည်းလမ်းများ...

အကျုံးဝင်သောဆိုင်များမှာ ပစ္စည်းဝယ်ယူချိန် ကောင်တာတွင် City Rewards App တွင်ပါသော QR Code ကို Scan ဖတ်ခြင်းဖြင့် သော်လည်းကောင်း၊ City Rewards ကတ်ကို ငွေရှင်းကောင်တာရှိ စက်တွင် ကပ်လိုက်ရုံဖြင့်သော်လည်းကောင်း အမှတ်များကို ချက်ချင်းရရှိနိုင်ပါတယ်။

အမှတ်များကို သုံးစွဲပုံ...

ရရှိသောအမှတ်များကို အကျုံးဝင်သောဆိုင်များတွင် ပြန်လည်သုံးစွဲ နိုင်ပါပြီ။ တစ်မှတ်ကို တန်ဖိုးတစ်ကျပ်သတ်မှတ်ထားပြီး သက်တမ်း ၁ နှစ် ကြာ သုံးစွဲနိုင်ပါတယ်။

Cash wallet ကို သုံးစွဲပုံ...

City Rewards မှာပါသော Cash Wallet ကို City Mart Supermarket ၊ Ocean Supercenter နှင့် marketplace by City Mart တို့၏ Customer Service ကောင်တာတိုင်းမှာ သွားရောက်ပြီး ငွေဖြည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် City Rewards App ရှိ Cash wallet နှင့် City Gift ကတ်တို့၏ လက်ကျန်ငွေပမာဏကို ချိတ်ဆက်နိုင်ပါတယ်။ အကျုံးဝင်သောဆိုင်များတွင် ဤလက်ကျန်ငွေပမာဏများကို ငွေသားကဲ့သို့ ပေးချေနိုင်ပါတယ်။ Cash wallet ဖြင့် ဖုန်းငွေဖြည့်သွင်းနိုင် ပါသေးတယ်။

City Rewards ကတ်ကိုင်နေသော်လည်း App ပြောင်းသုံးချင်ပါက...

အောက်တွင်ပေးထားသော လင့်ခ်မှတဆင့် ဒေါင်းလုတ်ဆွဲပြီးလျှင် App ကို ဖွင့်ပါ။ I'm a member ကို ရွေးပြီးလျှင် Register via Card ကို ရွေးပါ။ ပေါ်လာသော ညွှန်ကြားချက်များအတိုင်း တစ်ခုချင်းစီ လုပ်ဆောင်သွားပါက City Rewards ကို App နှင့်ရော ကတ်နှင့်ပါ သုံးနိုင်ပါပြီ။

အသုံးပြုပုံ

အမှတ်များ ရယူနိုင်သောနည်းလမ်းများ...

အကျုံးဝင်သောဆိုင်များမှာ ပစ္စည်းဝယ်ယူချိန် ကောင်တာတွင် City Rewards App တွင်ပါသော QR Code ကို Scan ဖတ်ခြင်းဖြင့် သော်လည်းကောင်း၊ City Rewards ကတ်ကို စက်တွင် ကပ်လိုက်ရုံဖြင့်သော်လည်းကောင်း အမှတ်များကို ချက်ချင်းရရှိနိုင်ပါတယ်။

အမှတ်များကို သုံးစွဲပုံ...

ရရှိသောအမှတ်များကို အကျုံးဝင်သောဆိုင်များတွင် ပြန်လည်သုံးစွဲ နိုင်ပါပြီ။ တစ်မှတ်ကို တန်ဖိုးတစ်ကျပ်သတ်မှတ်ထားပြီး သက်တမ်း ၁ နှစ် ကြာ သုံးစွဲနိုင်ပါတယ်။

Cash wallet ကို သုံးစွဲပုံ...

City Rewards မှာပါသော Cash Wallet ကို City Mart Supermarket ၊ Ocean Supercenter နှင့် marketplace by City Mart တို့၏ Customer Service ကောင်တာတိုင်းမှာ သွားရောက်ပြီး ငွေဖြည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် City Rewards App ရှိ Cash wallet နှင့် City Gift ကတ်တို့၏ လက်ကျန်ငွေပမာဏကို ချိတ်ဆက်နိုင်ပါတယ်။ အကျုံးဝင်သောဆိုင်များတွင် ဤလက်ကျန်ငွေပမာဏများကို ငွေသားကဲ့သို့ ပေးချေနိုင်ပါတယ်။ Cash wallet ဖြင့် ဖုန်းငွေဖြည့်သွင်းနိုင် ပါသေးတယ်။

City Rewards ကတ်ကိုင်နေသော်လည်း App ပြောင်းသုံးချင်ပါက...

အောက်တွင်ပေးထားသော လင့်ခ်မှတဆင့် ဒေါင်းလုတ်ဆွဲပြီးလျှင် App ကို ဖွင့်ပါ။ I'm a member ကို ရွေးပြီးလျှင် Register via Card ကို ရွေးပါ။ ပေါ်လာသော ညွှန်ကြားချက်များအတိုင်း တစ်ခုချင်းစီ လုပ်ဆောင်သွားပါက City Rewards ကို App နှင့်ရော ကတ်နှင့်ပါ သုံးနိုင်ပါပြီ။

City Rewards ကို ဒီနေရာတွေမှာ သုံးလို့ရပါတယ်

City Gift ကတ်များကို City Mart Supermarket များ၊ marketplace by City Mart များ၊ Ocean Supercenter များ၊ City Mall Online၊ City Express ဆိုင်များ၊ City Care Health & Beauty စတိုးများ၊ City Mart Neighbourhood၊ Seasons Bakery & Café များ၊ City Books & Music ဆိုင်များ ၊ Safari စာအုပ်ဆိုင်များ၊ City Baby Club ဆိုင်များနှင့် အခြားပါဝင်သောဆိုင်များမှာ တွင် ကုန်ပစ္စည်းများဝယ်ယူသောအခါ အသုံးပြုနိုင်ပါသည်။

လျှောက်ထားရန်နည်းလမ်း

City Rewards ၏အကျိုးခံစားခွင့်များကို အဆင့် ၂ ဆင့်တည်းဖြင့် ရယူလိုက်ပါ။ အောက်ပါ လင့်ခ်များမှ App ကို ဒေါင်းလုတ်ဆွဲပြီး မိမိအချက်အလက်များနှင့် စာရင်းသွင်းလိုက်ပါက လက်ဆောင်များ၊ ငွေပေးချေမှုများနှင့် အခြားအရာများ သုံးစွဲဖို့ အဆင်သင့်ဖြစ်သွားပါပြီ။

မေးလေ့ရှိသောမေးခွန်းများ

City Rewards အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့ ဘာလိုလဲ။

Appstore ကနေ App ကို အခမဲ့ ဒေါင်းလုတ်ဆွဲတာပဲဖြစ်ဖြစ် Customer Service ကောင်တာကနေ ကတ်ကို မှတ်ပုံတင်နံပါတ်/ နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ ငွေကျပ် ၃၀၀၀ ပေးပြီးပဲဖြစ်ဖြစ် ရယူနိုင်ပါတယ်။ ဒါပေမယ့် အသက် ၁၆နှစ်နဲ့ အထက်ဖြစ်ဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံသားမဟုတ်ရင်လည်း City Rewards ကတ် လျှောက်ထားလို့ရလား။

လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလိုသူရဲ့ နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ မြန်မာနိုင်ငံတွင်းသုံး ဖုန်းနံပါတ်ကို ပေးရုံနဲ့ လွယ်လွယ်ကူကူ လျှောက်ထားနိုင်ပါတယ်။

City Gift ရဲ့ လက်ကျန်ငွေက သက်တမ်းကုန်မှာလား။

City Gift ကတ်ကို City Rewards အကောင့်နဲ့ App ကတစ်ဆင့် ချိတ်ပြီးသွားရင် သက်တမ်းကုန်တော့မှာ မဟုတ်ပါဘူး။

ဆုံးပါးသွားတဲ့မိသားစုဝင်ရဲ့ အမှတ်တွေမဆုံးသွားအောင် အမည်ပေါက်ပြောင်းလို့ရမလား။

မရပါဘူး။ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးအက်ဥပဒေအရ ပိုင်ရှင်ရဲ့ သဘောတူညီမှုမပါရှိဘဲ ကတ်ထဲက အချက်အလက်များ ပြင်ဆင်ခွင့်မရှိပါဘူး။ ကတ်ထဲက အမှတ်တွေကိုတော့ လက်ရှိအသုုံးပြုနေတဲ့ကတ် သို့မဟုတ် ကတ်အသစ်ထဲသို့လွှဲပြောင်းပေးလို့ရပါတယ်။ သို့သော် ဒီလျောက်ထားချက်ကို စာနဲ့ရေးပြီးတင်ပြရပါမယ်။ ကတ်ပိုင်ရှင်ရဲ့ သေဆုံးကြောင်းမှတ်တမ်း မိတ္တူနဲ့တကွ Customer Service ကောင်တာတွင် လျောက်ထားနိုင်သည်။ သို့မဟုတ် အီးမေးလ်ဖြင့် ပို့ပါက cityrewards@cmhl.com.mm သို့ပို့နိုင်ပါသည်။

အကောင့်ဖွင့်တာ ဘာကြောင့် နိုင်ငံသားကတ်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် အချက်အလက် အသေးစိတ် လိုအပ်တာလဲ။

လူကြီးမင်းတို့ရဲ့ အကောင့် စိတ်ချလုံခြုံမှုရှိဖို့အတွက် ကိုယ်ပိုင်အချက်အလက်အထောက်အထားပြ စာရွက်စာတမ်းများ၊ နံပါတ်များ ကောက်ခံရခြင်းဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေပေးခြင်းအားဖြင့် အကယ်၍ လျှို့ဝှက်နံပါတ် သို့မဟုတ် PIN နံပါတ်ကို မေ့သွားချိန် အသစ်ပြန်လုပ်ရသည်ဖြစ်စေ၊ ဖုန်း သို့မဟုတ် City Rewards ကတ်ပျောက်သွားချိန် သင့်အကောင့်၏ လက်ကျန်ငွေများ လုံခြုံမှုရှိဖို့ကူညီပေးလို့ရပါတယ်။

နောက်ထပ် မေးခွန်းများဖတ်ရန်

Shop smarter. Get it now!

© 2017 CMHL

City Rewards ဆိုသည်မှာ City Mart Holding Company ၏ Loyalty အစီအစဉ်တစ်ခုဖြစ်ပြီး၊ City Mart Holding Company Limited လက်အောက်တွင်ရှိသော လက်လီအရောင်းဆိုင်တိုင်းတွင်လည်းကောင်း၊ City Mall အွန်လိုင်းမှဝယ်ယူခြင်းအတွက်လည်းကောင်း၊ City Rewards အစီအစဉ်တွင် ပါဝင်ထားသောကုန်သည်များ၏ ပစ္စည်းများ ဝယ်ယူခြင်းအတွက်လည်းကောင်း အသုံးပြုနိုင်ပါသည်။