ဖော်ပြပါ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များသည် City Mart Holding Company Limited (CMHL, ကျွန်ုပ်တို့၊ ကျွနု်ပ်တို့၏)မှ လုပ်ဆောင်နေသော City Rewards အစီအစဉ်ကိုအသုံးပြုခြင်းနှင့် City Rewards ကို အသုံးပြုခြင်းဖြင့် လူကြီးမင်းနှင့် CMHL ရဲ့ ပတ်သက်မှုကို သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ City Rewards ကို ပါဝင်အသုံးပြုသူများအားလုံးသည် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များကို လက်ခံသဘောတူထားသည် ဟု သတ်မှတ်ပါတယ်။
၁။ စာရင်းပေးသွင်းခြင်း
အသက် ၁၆ နှစ် နှင့်အထက်ရှိ မည်သူမဆို City Rewards အစီအစဉ်ကိုပါဝင်ရန်အတွက် စာရင်း ပေးသွင်းနိုင်ပါတယ်။
စာရင်းပေးသွင်းရာမှာ မြန်မာနိုင်ငံသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလတ်မှတ်(Passport) မှာ ဖော်ပြထားတဲ့အတိုင်း နိုင်ငံသားမှတ်ပုံတင်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်နံပါတ်နှင့် မှန်ကန်သော မိုဘိုင်းလ်ဖုန်းနံပါတ်ကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဤအချက်အလက်များကို တောင်းခံရခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အနေနဲ့ လူကြီးမင်းတို့၏ အကောင့်အချက်အလက်များ ပျောက်ဆုံးခြင်း ဒါမှမဟုတ် အကောင့်ပိတ်လိုတဲ့အခါမျိုးမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ရန်အတွက် ဖြစ်ပါတယ်။
City Rewards Application ကို Download ပြုလုပ်ရယူခြင်းနှင့် စာရင်းပေးသွင်းခြင်းတို့မှာ အခမဲ့ဖြစ်ပါတယ်။ အကယ်၍ ကတ်ဖြင့်အသုံးပြုလိုပါက ကတ်ဖိုး(physical card) ငွေကျပ် ၃၀၀၀ ကောက်ခံမှာ ဖြစ်ပါတယ်။ City Rewards ကတ်ကို City WalletAssist kiosk သို့မဟုတ် ကျွန်ုပ်တို့ရဲ့ Customer Service တစ်ခုခုမှာ ရယူနိုင်ပါတယ်။
City Rewards အတွက် စာရင်းပေးသွင်းတဲ့အခါမှာ ကိုယ်ပိုင်နံပါတ် PIN (Personal Identification Number) ကို သတ်မှတ်ခိုင်းမှာဖြစ်ပါတယ်။ သင့်ရဲ့ PIN နံပါတ်ကို လျှို့ဝှက်ထားဖို့ လူကြီးမင်းမှာပဲ တာဝန်ရှိပါတယ်။ မိမိ PIN နံပါတ်အသုံးပြုပြီး ဝင်ရောက်ပြုလုပ်တဲ့ လုပ်ဆောင်မှုများနဲ့ ငွေပေးချေမှုအားလုံးအတွက် လူကြီးမင်းမှာပဲတာဝန်ရှိမှာဖြစ်ပါတယ်။ သင့် PIN နံပါတ် ကို အခြားသူများသိရှိသွားပြီဟု ယူဆရလျှင် သို့မဟုတ် သင့်အကောင့်ကို မှားယွင်းစွာအသုံးပြုနေသည်ဟု သံသယရှိလျှင် ကျွန်ုပ်တို့ကို ချက်ခြင်းဆက်သွယ်အကြောင်းကြားဖို့ လိုအပ်ပါတယ်။
City Rewards ကို အသုံးပြုဖို့စာရင်းပေးသွင်းခြင်းဖြင့် CMHL မှ ပေးပို့တဲ့ ကုန်ပစ္စည်းအရောင်း ကြော်ငြာများ(promotional communications) နဲ့ လက်ကမ်းစာစောင်များ (Newsletter) များကို ရယူပါမည်ဟု သဘောတူညီပြီးဖြစ် ပါတယ်။ လူကြီးမင်းအနေနှင့် မရယူလိုတော့ပါက My Account မှာ unsubscribe ပြုလုပ်ခြင်း သို့မဟုတ် Application တွင် ဖော်ပြထားတဲ့ အချက်အလက်များကို အသုံးပြုပြီး Customer Services ကို ဆက်သွယ်နိုင်ပါတယ်။
လူကြီးမင်းအနေဖြင့် အကောင့်တစ်ခုသာ ဖွင့်လို့ရမှာဖြစ်ပါတယ်။ အခြားအပိုရှိနေသော အကောင့်များကို ကျွန်ုပ်တို့ဘက်မှ အချိန်မရွေး ပယ်ချခြင်း၊ ပေါင်းစည်းခြင်း နှင့် ပိတ်ပစ်ခြင်း လုပ်နိုင်မှာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး သတိပြုစေချင်တာကတော့ လူကြီးမင်း၏အကောင့်ကို တစ်ခြားသူများထံသို့ လွှဲပြောင်းခွင့်မရှိပါ။
၂။ အကောင့်ဖွင့်ခြင်း
အကောင့်အတွက် စာရင်းပေးသွင်းပြီးပါက အကောင့်ကို စတင်အသက်ဝင်လာအောင် ဖွင့်လှစ်ပြီး City Rewards ရဲ့ အကျိုးအမြတ်များကို ခံစားနိုင်မှာဖြစ်ပါတယ်။
အကောင့်စတင် အသုံးပြုရန်အတွက် လူကြီးမင်းအနေဖြင့် City Rewards အစီအစဉ်မှာ အကျုံးဝင်တဲ့ ဆိုင်များ(အောက်တွင် ဖော်ပြထားသောနေရာများမှ) မှာ ရက်၃၀ အတွင်း ငွေကျပ် ၃၀၀၀၀ ဖိုး ဈေးဝယ်ရမှာဖြစ်ပြီး အသုံးပြုတဲ့အခါမှာ လူကြီးမင်းရဲ့ City Rewards App ကို ဝယ်ယူစဉ်ပြသရမှာဖြစ်ပါတယ်။
၃။ အမှတ်ရရှိခြင်း
City Rewards အစီအစဉ်မှာ အကျုံးဝင်တဲ့ဆိုင်များမှာ၂၀၀ ကျပ်ဖိုး ငွေသားနဲ့ ငွေပေးချေမှုတိုင်းအတွက် အမှတ် (၁) မှတ် ရရှိမှာဖြစ်ပါတယ် (အခွန်ပါဝင်ပြီး)။
City Express မှာ ၄၀၀ ကျပ်ဖိုး ငွေသားနဲ့ ငွေပေးချေမှုတိုင်းအတွက် အမှတ် (၁) မှတ် ရရှိမှာဖြစ်ပါတယ် (အခွန်ပါဝင်ပြီး)။
အကောင့်ထဲသို့ အမှတ်များ ထည့်သွင်းနိုင်ရန်အတွက် ဆိုင်များတွင်ဝယ်ယူရာမှာ City Rewards App သို့မဟုတ် ကတ် ကို ပြသရမှာဖြစ်ပါတယ်။
အမှတ်များဟာ ရရှိတဲ့နေ့မှစပြီး တစ်နှစ်ကြာတဲ့အခါမှာ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။
ငွေပေးချေမှု ပျက်ပြားခြင်းသို့မဟုတ် ငွေပြန်လည်ထုတ်ယူခြင်း(refund) များရှိခဲ့သည်ရှိသော် အဆိုပါ ငွေပေးချေမှုအတွက်ရရှိခဲ့တဲ့ အမှတ်များပြန်လည်နုတ်ယူရန် ကျွန်ုပ်တို့ဘက်မှ ပြုလုပ်နိုင်ပါတယ်။
၄။ ရရှိထားသောအမှတ်များကိုပြန်လည်အသုံးပြုခြင်း
City Rewards အမှတ်များကို အမှတ် ၁၀၀ နှင့်အထက် ရရှိပြီးမှ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အမှတ် ၁၀၀ မှတ်ကို City Rewards အစီအစဉ်၏ အကျုံးဝင်သောဆိုင်များမှာ အကောင့်ပိုင်ရှင်က City Rewards App သို့မဟုတ် ကတ် ကိုပြသပြီး အမှတ် ၁ မှတ် = ၁ ကျပ်နှုန်းဖြင့် ငွေ ၁၀၀ ကျပ်ဖိုး ပေးချေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူရာမှာ ကျသင့်ငွေထက် သင့်အမှတ်မှာ နည်းနေပါက လိုအပ်တဲ့ပမာဏကို ငွေသားနှင့် ဖြည့်စွက်ပေးချေနိုင်ပါတယ်။ အမှတ်များနှင့် ဝယ်ယူမှုများအတွက် ငွေပြန်အမ်းမည်မဟုတ်ပါ။ ဥပမာ- ဝယ်ယူမှုမှာ ၁၅၀ ကျပ်ဖိုးဖြစ်ပါက သင့်အနေနဲ့ အမှတ် ၂၀၀ နဲ့ အသုံးပြုဝယ်ယူရမည်ဖြစ်ပြီး ပိုတဲ့အမှတ်များကိုပြန်ရမှာ မဟုတ်ပါ။
အရင်ဆုံးရရှိထားတဲ့အမှတ်များ ကို အရင်ဆုံးအသုံးပြုမှာဖြစ်ပါတယ်။
အမှတ်များကို ငွေသားနှင့် ပြန်လည်လဲလှယ်ခွင့်မရှိပါ။
၅။ ငွေဖြည့်ခြင်းနှင့် လွှဲပြောင်းခြင်း
သုံးစွဲသူများ အဆင်ပြေစေဖို့အတွက် အကျုံးဝင်တဲ့ မည်သည့်ဆိုင်များမှာမဆို City Rewards အကောင့်ထဲကို ငွေဖြည့်နိုင်ပါတယ်။ ငွေဖြည့်ထားပြီး အသုံးမပြုရသေးတဲ့ ပမာဏကို လက်ကျန်ငွေ (Cash Balance) လို့ခေါ်ပါတယ်။ Application ကိုအသုံးပြုသူများရဲ့ လက်ကျန်ငွေဟာ ပျောက်ပြယ်သွားခြင်းမရှိပါဘူး။ (Gift ကတ်နှင့် ခြားနားမှုအတွက် စည်းမျဉ်းစည်းကမ်း အမှတ် (၇) ကို ကြည့်ပါ)
City Rewards အစီအစဉ်မှာ အကျုံးဝင်တဲ့ ဆိုင်များမှာ City Rewards App သို့မဟုတ် ကတ်ကိုပြသပြီး လက်ကျန်ငွေထဲမှ ငွေကိုအသုံးပြုနိုင်ပါတယ်။
လက်ကျန်ငွေ ကို ငွေသားနှင့် ပြန်လည်လဲလှယ်လို့မရနိုင်ပါ။
Cash Balance ထဲမှ ငွေများရဲ့ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အကုန်လုံးကိုဖြစ်စေ အခြား City Rewards ကိုု အသုံးပြုနေသောသူထံသို့ Application မှာ အဆင့်ဆင့်ပြသထားတဲ့အတိုင်း City Gift Card အနေနှင့် လွှဲပြောင်းနိုင်ပါတယ်။ ငွေကျပ်ပမာဏ ၁၀၀၀၀ ကျပ် နှင့်အထက်ရှိမှ ဤလုပ်ဆောင်ချက်အောင်မြင်မှာဖြစ်ပြီး စနစ်မှ ငွေကျပ်ပမာဏ ၁၀၀၀၀ ကျပ်နှင့်အောက် City Gift Card များ လွှဲပြောင်းခြင်းကို ပိတ်ပင်ထားပါတယ်။ လွှဲပြောင်းရန်ဆုံးဖြတ်ချက်ချပြီးပြီဆိုပါက City Rewards App သည် လွှဲပြောင်းမည့် ပမာဏနှင့် ပုံရိပ်ယောင် City Gift Card ကို ဖန်တီးပြီး ထိုကတ်ကို ‘Social Gift' Section ထဲမှ အဆက်အသွယ်စာရင်းတစ်ခုကို ရွေး၍ ပေးပို့နိုင်ပါတယ်။ လွှဲပြောင်းရန်အတွက် လွှဲပြောင်းရရှိမယ်သူရဲ့ မှန်ကန်သော (တနည်းအားဖြင့်) စာရင်းသွင်းစဉ်က အသုံးပြုခဲ့သော ဖုန်းနံပါတ် သိထားရန်လိုအပ်ပါတယ်။ သင်လွှဲပြောင်းပေးမည့်သူရဲ့ အချက်အလက်များကို မှန်ကန်စွာ သိရှိထားရန်လိုအပ်ပါတယ်။ လွှဲပြောင်းပြီးသွားပါက ပြန်လည်ပြင်ဆင်၍မရနိုင်ပါ။
၆။ အဖွဲ့ဝင်များအတွက် အကျိုးခံစားခွင့်များ
မကြာမကြာ ကျွန်ုပ်တို့ဘက်မှ ကူပွန်များ၊ မွေးနေ့လက်ဆောင်များအပါအဝင် အံ့အားသင့်စေမယ့် လက်ဆောင်များ၊ အထူးကမ်းလှမ်းချက်များ နှင့် အခမ်းအနားများသို့ ဖိတ်စာများ (အကျိုးခံစားခွင့်များ) ပေးပို့မှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုက်နှစ်သက်မှုများ အပေါ်မူတည်ပြီး အကျိုးခံစားခွင့်များကို စီစဉ်ထားခြင်း ဖြစ်တာကြောင့် အခြားသူများနှင့် မတူညီတဲ့အရာများကို ရရှိနိုင်မှာဖြစ်ပါတယ်။
City Rewrds မှ တစ်သက်တာရရှိသော အကျိုးခံစားခွင့်များကို လုံးဝလွှဲပြောင်း၍မရနိုင်ပါ။
၇။ လက်ဆောင်ကတ်(Physical City Gift Card)
City Rewards အကောင့်ထဲသို့ City Gift ကတ်များ အကန့်အသတ်မရှိ ထည့်သွင်းသွားနိုင်မှာဖြစ်ပါတယ်။ City Rewards ရဲ့ အကျိုးခံစားခွင့်အလုံးစုံကို ရရှိနိုင်ရန်အတွက် Application ကိုအသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ အနာဂတ်မှာ အခြားစီးပွားရေးလက်တွဲဖက်များ၊ အစီအစဉ်တွင် အကျုံးဝင်သော လုပ်ငန်းဖက်များ၏ ကတ်များကိုပါ App ထဲထည့်သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။
Application ကိုအသုံးမပြုချင်ပါက လက်ဆောင်ကတ်များအတွက် အောက်ပါ စည်းကမ်းနှင့်သတ်မှတ်ချက်များက သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
လက်ဆောင်ကတ်ထဲသို့ ထည့်သွင်းထားသော ငွေပမာဏဟာ ထည့်သွင်းပြီး (၁) နှစ်ကြာတဲ့အခါ ပျောက်ပြယ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် City rewards App ကိုသုံးပြီး ‘Add a New Card’ လုပ်ဆောင်ချက်ဖြင့် ငွေပမာဏကို စက်ထဲသိမ်းဖို့ အကြံပေးချင်ပါတယ်။ ဤကဲ့သို့ လုပ်ဆောင်မှ အရောင်းအဝယ်စာရင်း၊ လက်ကျန်ငွေနှင့် ပိုက်ဆံများ ပျောက်ဆုံး/ ပျက်စီးခြင်းနှင့် အခြား အရေးပေါ်ကိစ္စများ ဖြစ်ပေါ်ပါက မှတ်တမ်းမှတ်ရာများကို ခြေရာကောက်ခြင်းကို ကူညီနိုင်ပါလိမ့်မယ်။
City Gift ကတ်များမှာ PIN နံပါတ်မရှိသောကြောင့် ပျောက်ဆုံးသွားရင် အစားထိုးမရရှိနိုင်ကြောင်းကို သတိပြုစေချင်ပါတယ်။ ကတ်ကို လုံခြုံအောင်အမြဲထားရမှာဖြစ်ပြီး ကတ်မှာပါတဲ့ QR Code နဲ့ ကတ်ရဲ့ နံပါတ်ကိုလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မသိစေရန်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လုံခြုံမှုပိုမိုရှိစေရန်အတွက် Application ကိုအသုံးပြုဖို့နဲ့ လက်ဆောင်ကတ်များကိုလည်း City Rewards အကောင့်သို့ထည့်သွင်းဖို့ လေးလေးနက်နက်တိုက်တွန်းပါတယ်။
City Gift ကတ်ပျောက်ဆုံးပါက ကျွန်ုပ်တို့၏ Customer Care ကောင်တာသို့ ဆက်သွယ်ပြီး စောစောစီးစီး ကတ်ကို ပိတ်ဖို့ အကြံပေးချင်ပါတယ်။ ဤရည်ရွယ်ချက်ဖြင့် ကတ်များကို App အတွင်း ထည့်ထားခြင်းဖြစ်စေ၊ လုံခြုံအောင်ထိန်းသိမ်းထားခြင်းဖြစ်စေ အကြံပြုချင်ပါတယ်။
၈။ City Rewards အစီအစဉ်တွင် အကျုံးဝင်သော ဆိုင်များ
Application ၏ Participating Outlets ဆိုသည့်နေရာတွင် ဖော်ပြထားသောဆိုင်များအားလုံးတွင် အမှတ်များရရှိခြင်း၊ အမှတ်များသုံးစွဲခြင်းနှင့် ငွေဖြည့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ City Rewards အစီအစဉ်မှာ အကျုံးဝင်တဲ့ ဆိုင်အသစ်များကို သိရှိရန်အတွက် Application ၏ "Store" အပိုင်းတွင် ကြည့်ပါ။
၉။ City Rewards အသုံးပြုနိုင်ခြင်း
CMHL မှ အကောင်းဆုံး ဝန်ဆောင်မှုများပေးအပ်ဖို့အတွက်ရည်ရွယ်သော်လည်း City Rewards ၏ ဝန်ဆောင်မှုဟာ လူကြီးမင်း၏ လိုအပ်ချက်များနှင့် လုံးဝကိုက်ညီလိမ့်မည်လို့ ကတိမထားနိုင်ပါ။ CMHL အနေနှင့် ဒီအစီအစဉ်မှာ အမှားအယွင်းများ ကင်းလိမ့်မည်ဟုလည်း အာမမခံပါ။ ဝန်ဆောင်မှုတွင် အမှားအယွင်းများ ဖြစ်ပေါ်ပါက City Rewards Hotline ကို ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့ အနေနှင့် မှားယွင်းမှုများကို အလျင်အမြန် ပြင်ဆင်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။
ပြင်ဆင်မှုများနှင့် လိုအပ်သည့့် စက်ကိရိယာများ တပ်ဆင်မှုများအတွက် တစ်ခါတစ်ရံတွင် City Rewards အသုံးပြုမှုကို ရပ်ဆိုင်းထားခံရနိုင်ပါတယ်။ ဤအစီအစဉ်များကို သုံးစွဲသူများအတွက် အဆင်မပြေမှုအနည်းဆုံး ဖြစ်မည့်အချိန်ကိုသာရွေးပြီး ပြုလုပ်သွားမည့်အတွက် စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
၁၀။ ဉာဏပိုင်ဆိုင်မှု (Intellectual Property)
City Rewards မှာပါဝင်တဲ့ အကြောင်းအရာများအားလုံးဟာ CMHL တစ်ဦးတည်းရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ကူးယူခြင်း၊ ပွားများခြင်းနဲ့ CMHL ရဲ့ ခွင့်ပြုချက်မရရှိဘဲ စီးပွားရေးအတွက် ပြန်လည်အသုံးပြုခွင့်မရှိပါ။
City Rewards ရဲ့ အမှတ်တံဆိပ် ဖြစ်စေ CMHL ရဲ့ အခြား အမှတ်တံဆိပ်များကိုဖြစ်စေ ခွင့်ပြုချက်မရရှိဘဲ အသုံးပြုခွင့်မရှိပါ။
၁၁။ အကောင့်ကို ဖျက်သိမ်းပိုင်ခွင့် နှင့် ရပ်ဆိုင်းပိုင်ခွင့်
အောက်ပါအချက်အလက်များဖြစ်ပေါ်ပါက CMHL မှ လူကြီးမင်း၏ အကောင့်အား ဖျက်သိမ်းရန် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အကောင့်အား သုံးနှစ်နှင့်အထက် အသုံးပြုမှုမရှိခြင်း
စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များမှ သဘောတူညီမှုများကိုချိုးဖောက်ခြင်း
City Rewards ကိုလိမ်ညာရန် ရန်ရွယ်ချက်ဖြင့် အသုံးပြုနေခြင်းဖြစ်သည်ဟု ယုံကြည်ရလောက်တဲ့ အကြောင်းပြချက်ရှိခြင်း
City Rewards ကို မကောင်းသောနည်းလမ်း သို့မဟုတ် မှန်ကန်သော နည်းလမ်းဖြင့်အသုံးပြုခြင်း
City Rewards ကိုအသုံးပြုရင်း တရားဥပဒေ ကိုချိုးဖောက်ခြင်း
အကောင့်ပိတ်သိမ်းခြင်းခံရပါက ရရှိထားသော အမှတ်များနှင့် အကျိုးခံစားခွင့်များကို ရပ်ဆိုင်းခြင်းခံရမှာဖြစ်ပြီး ဆက်လက်အသုံးပြုခွင့်ရရှိမည်မဟုတ်ပါ။
၁၂။ ဖျက်သိမ်းခြင်းနှင့် ဖြည့်စွက်ပြင်ဆင်ခြင်း
City Rewards အစီအစဉ်ကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ကျွန်ုပ်တို့ဘက်မှ ဖျက်သိမ်းနိုင်ခွင့်ရှိပြီး စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလည်း အချိန်မရွေး ဖြည့်စွက်ပြင်ဆင်နိုင်ခွင့် ရှိပါတယ်။ City Rewards ကို အသုံးပြုသည့်အချိန်တွင် ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များမှာ မမှန်ကန်ခြင်း၊ လိုအပ်ချက်ရှိခြင်းနှင့် လိုက်နာဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့အခါမှာ အဆိုပါစည်းကမ်းကိုသာ အကျူံးမဝင်ဟု သတ်မှတ်မှာဖြစ်ပြီး အခြား စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ အပေါ်သက်ရောက်မှုရှိမည်မဟုတ်ပါ။
City Rewards အစီအစဉ်ကို ရပ်ဆိုင်းလိုက်တဲ့အခါမှာ ရရှိထားတဲ့ အမှတ်များကို အသုံးပြုခွင့်ရမှာ မဟုတ်တော့သလို အကျိုးခံစားမှုများလည်း ရပ်ဆိုင်းလိုက်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ City Rewards Hotline ကောင်တာသို့ ဆက်သွယ်ပြီး အသေးစိတ်ကို မေးမြန်းနိုင်ပါတယ်။
၁၃။ ဒေတာအချက်အလက်များ လုံခြုံမှုနှင့် ကာကွယ်မှု
လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို လေးစားတန်ဖိုးထားပြီး ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို အသုံးပြုခြင်းဆိုင်ရာမူဝါဒကို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အချက်အလက်များ ကာကွယ်ရေး နှင့်စပ်လျဉ်းသော ဥပဒေများ အားလုံးကို လိုက်နာဆောင်ရွက်ရန် ကတိကဝတ်ပြုပါသည်။
လူကြီးမင်း၏ အချက်အလက်များ လုံခြုံမှုရှိစေရန် အကောင်းဆုံးဆောင်ရွက်၍ လူကြီးမင်း၏အကောင့်အား တလွဲအသုံးပြုမှုမရှိနိုင်စေရန် အတွက် စောင့်ကြည့်လျှက်ရှိပါသည်။
ကျွန်ုပ်တို့သည် လူကြီးမင်း၏ အချက်အလက်များကို လူကြီးမင်းအတွက် သီးသန့် အကျိုးခံစားခွင့်များ ဆောင်ရွက်ပေးနိုင်ရန် နှင့် ပိုမိုကောင်းမွန်သည့် ဝယ်ယူသုံးစွဲမှု အတွေ့အကြုံကောင်းများခံစားရရှိနိုင်စေရန် အသုံးပြုသွားမည်ဖြစ်ပါသည်။
လူကြီးမင်း၏ အချက်အလက်များကို ယုံကြည်ရသည့်မိတ်ဖက်များနှင့်သာ ဝေမျှသွားမည်ဖြစ်ပြီး ထိုမိတ်ဖက်များသည်လည်း လူကြီးမင်း၏ အချက်အလက်များကို ကာကွယ်ထားရန် အလားတူတာဝန်ရှိသူများဖြစ်ပါသည်။
ဤ အက်ပလီကေးရှင်းကို ဝင်ရောက်ခြင်း နှင့် အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို အသုံးပြုခြင်းဆိုင်ရာမူဝါဒကို လိုက်နာရန် သဘောတူညီပါသည်။ ထိုမူဝါဒကို ကြိုတင်အသိပေးအကြောင်းကြားရန် မလိုအပ်ပဲ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် အခါအားလျော်စွာပြင်ဆင်နိင်ပါသည်။
ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို အသုံးပြုခြင်းဆိုင်ရာမူဝါဒကို အောက်ဖော်ပြပါ link တွင် ရရှိနိုင်ပါသည်။
[https://www.cmhl.com.mm/home/privacy-policy/]
၁၄။ သက်ရောက်မှုရှိသော ဥပဒေများ
စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေများနဲ့အညီ ရေးဆွဲပြဌာန်း ထားတာဖြစ်တဲ့အတွက် အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံတွင်းရှိ တရားရုံးများမှ အဆုံးအဖြတ်များကိုသာ လက်ခံသွားမှာဖြစ်ပါတယ်။
၁၅။ နိုင်ငံတကာတွင် အသုံးပြုမှု
City Rewards အစီအစဉ်ကို မြန်မာနိုင်ငံပြင်ပတွင် အသုံးပြုနိုင်သည် ဟု CMHL မှ ကတိမပေးနိုင်ပါ။ City Rewards ကို မြန်မာနိုင်ငံပြင်ပတွင် အသုံးပြုပါက လူကြီးမင်းတွင်သာ တာဝန်ရှိပြီး အဆိုပါနိုင်ငံရဲ့ ဥပဒေများနှင့် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
၁၆။ ဆက်သွယ်ရန်
သိရှိလိုသည့် အကြောင်းအရာများရှိပါက အောက်ပါ လိပ်စာသို့ ဆက်သွယ်နိုင်ပါတယ်။
City Rewards
City Mart Holding Company Limited
ကုမ္ပဏီမှတ်ပုံတင်နံပါတ် 341 of 1996-1997
အမှတ် (၁ - ၁၁) ပဒုမ္မာအားကစားကွင်း (အရှေ့ဘက်)၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။