ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် နည်းလမ်းများ

Posted in လူမှုဘဝ


ဘဝကောင်းကောင်းတစ်ခုမှာ နေထိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဒီမေးခွန်းဟာ ဒဿနပညာရှင်တွေ၊ လက်တွေ့ပညာရှင်တွေ ရာစုနှစ်ပေါင်းများစွာ အဖြေရှာခဲ့ကြတဲ့ မေးခွန်းတစ်ခုပါ။ လူတိုင်းကို ရည်ညွှန်းနိုင်တဲ့ အဖြေဆိုတာမျိုး မရှိခဲ့ပေမယ့် ဘယ်အရာက ကောင်းမွန်တဲ့ ဘဝကိုဖြစ်စေလဲဆိုပြီး ပြန်စဉ်းစားလိုက်တဲ့အခါမှာ တူညီနေတဲ့ တချို့အကြောင်းအရာလေးတွေတော့ရှိပါတယ်။ အချို့သူတွေကတော့ ကောင်းမွန်တဲ့ ဘဝဆိုတာ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ပြည့်စုံနေတဲ့ ဘဝလို့ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ တချို့ကျတော့ အဓိပ္ပာယ်ရှိတဲ့ ဘဝလို့လည်း ဆိုကြပြန်ရော။ တချို့သူတွေကျတော့လည်း ကိုယ်ချမှတ်ထားတဲ့ တန်ဖိုးတွေ၊ ယုံကြည်မှုတွေအတိုင်း ရှင်သန်နေထိုင်တာလို့ ပြောကြတယ်။

ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်ဆိုနေကြပါစေ၊ ဘဝကောင်းကောင်းမှာ နေထိုင်ဖို့က လူတိုင်းဖြစ်ချင်ကြတာချည်းပါပဲ။ ဒီဆောင်းပါးမှာဆိုရင် သေးငယ်တဲ့ ကိုယ့်ဆုံးဖြတ်ချက်လေးတွေက ဘဝမှာ ကြီးမားတဲ့စိတ်ကျေနပ်မှုတွေ ဘယ်လိုပေးဆပ်နိုင်တယ်ဆိုတဲ့ နည်းလမ်းတွေအကြောင်းကို မျှဝေသွားမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့ နေထိုင်မှုမျိုးကို ကျင့်သုံးကြည့်ပါ

ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့ ဘဝမှာ နေထိုင်ခြင်းက ကောင်းတဲ့အရာကို စတင်ကြုံတွေ့ခံစားရဖို့ အခြေခံအုတ်မြစ်တစ်ခုပါပဲ။ အရင်ဆုံး ကိုယ့်ရဲ့ ကိုယ်ကာယနဲ့ စိတ်ကျန်းမာရေးတို့ကို ဂရုစိုက်ပါ။ ဒီလိုဂရုစိုက်ဖို့ဆိုရင် အချိန်မှန်မှန်အားကစားလုပ်တာမျိုး၊ အာဟာရပြည့်ဝစွာ စားသုံးတာမျိုးနဲ့ တရားထိုင်တာလိုမျိုး သတိပဋ္ဌာန်ကျင့်စဉ်တွေကို လုပ်ကြည့်တာက ကိုယ့်ရဲ့ ဘဝမှာ အရင်ကထက် ပိုပြီး နေပျော်လာမှာပါ။ 

ငွေကြေးစုဆောင်းပါ

ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို ဝယ်လို့မရဘူးဆိုပေမယ့် ငွေကို စည်းကမ်းရှိရှိသုံးစွဲတာက စိတ်လုံခြုံမှုကို ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။  ငွေပမာဏတစ်ခုကို သတ်မှတ်ပြီး နောင်ရေးအတွက်စု၊ ပြီးရင် ကိုယ့်မှာရှိတာလေးနဲ့ လောက်ငှအောင် နေပါ။ ငွေကြေးပိုင်းဆိုင်ရာ အစီအစဉ်တွေဆွဲထားတာက နောင်အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လက်လှမ်းမီအောင် တစ်ဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ 

အဓိပ္ပာယ်ရှိတဲ့ လူမှုဆက်ဆံရေးတွေကို အလေးထားပါ

မိသားစု၊ သူငယ်ချင်းမိတ်ဆွေ နဲ့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးရတာက တန်ဖိုးဖြတ်လို့မရလောက်အောင် တန်ဖိုးရှိလှပါတယ်။ သူတို့တွေက စိတ်ခွန်အား၊ အဖော်ပြုပေးတာတွေ၊ ဂရုစိုက်မှုတွေ ကိုယ့်ကို ပေးစွမ်းနိုင်ပါတယ်။  ကိုယ့်အနားမှာ ကောင်းတဲ့ လွမ်းမိုးမှုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေပဲရှိနေတာက ဘဝကို နေပျော်စေပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ပေးပါ

အလုပ်လုပ်ချိန်၊ အနားယူချိန် နဲ့ ကိုယ်ပိုင်အချိန် စတာတွေကို သတ်သတ်မှတ်မှတ်ထားတာက ကိုယ့်အတွက် မရှိမဖြစ်အရေးကြီးပါတယ်။ အနားယူချိန်၊ တီထွင်ဆန်းသစ်ချိန်နဲ့ ကိုယ့်ကို ပျော်ရွှင်စေတဲ့ ဝါသနာတစ်ခုခုကို လုပ်ဖို့အချိန်ဆိုပြီး အချိန်သတ်မှတ်ထားပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းကို ဦးစားပေးလိုက်တဲ့အခါမှာ အားအင်အသစ်နဲ့ ဘဝကို ဖြတ်သန်းနိုင်မှာကို ကိုယ်တိုင်ခံစားမိလာမှာပါ။

“နည်းလေ ကောင်းလေ” ဆိုတဲ့ စိတ်နဲ့ ဘဝကို နေထိုင်ကြည့်ပါ

အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးလိုက်တဲ့အခါမှာ ဘဝကို ပိုမိုရိုးရှင်းသွားစေရုံသာမက ပတ်ဝန်းကျင်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး မလိုလားအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချစေတဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူကြည့်ပါ။ ပြန်လည်အသုံးပြုတာမျိုး ဒါမှမဟုတ် သဘာဝနဲ့ကိုက်ညီတဲ့ပစ္စည်းတွေကို ရွေးချယ်တာမျိုးစတဲ့ ကိစ္စရပ်သေးသေးလေးကနေမှတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ ဘဝဖြစ်လာစေဖို့အတွက် အထောက်အကူပြုလိုက်ပါ။

ရောင့်ရဲခြင်းနဲ့ ကျေးဇူးတရားကို အမြဲသတိရပါ

ရောင့်ရဲတယ်ဆိုတာက အသစ်အသစ်တွေကို ထပ်ပြီးရှာနေမယ့်အစား ကိုယ့်မှာရှိတာလေးတွေကို တန်ဖိုးထားတာမျိုးကို ပြောတာပါ။ နေ့ရက်တိုင်းမှာ ကိုယ့်ဘဝမှာ ရှိနေတဲ့အရာတိုင်းအတွက် ကျေးဇူးတင်တာမျိုးကို လုပ်ဆောင်ကြည့်ပါ။ ဒီအလေ့အကျင့်က ပျော်ရွှင်ကြည်နူးမှုတွေ၊ စိတ်ကျေနပ်မှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။

အဓိပ္ပာယ်ရှိတဲ့အရာတွေကို လုပ်ဆောင်ကြည့်ပါ

ကိုယ့်တန်ဖိုး၊ ကိုယ်စိတ်ဝင်စားတာတွေနဲ့ ကိုက်ညီတဲ့ ကိစ္စရပ်တွေကို အချိန်ကုန်ဆုံးကြည့်ပါ။ လုပ်အားပေးတာ၊ ကိုယ်တတ်နိုင်တာလေးနဲ့ တစ်ပါးသူတွေကို ကူညီပေးတာ ဒါမှမဟုတ် အဓိပ္ပယ်ရှိတဲ့ကိစ္စရပ်တွေဖြစ်လာဖို့ အထောက်အပံ့ပေးတာမျိုးတွေကို ကိုယ့်ကို စိတ်ကျေနပ်မှုတွေ၊ ပီတိတွေရရှိစေမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့အတွက် အမြဲအဆက်မပြတ်ရှာဖွေနေပါ

မတူညီတဲ့ ရှုထောင့်တွေကနေ ဗဟုသုတတွေကို အမြဲအဆက်အပြတ်ရှာဖွေနေတာကို ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့အတွက် လမ်းစတစ်ခုပါပဲ။ လေ့လာသင်ယူမှုတွေ၊ စွမ်းရည်အသစ်တစ်ခုကို လေ့လာတာမျိုးနဲ့ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့အရာမျိုးတွေ လုပ်ဆောင်ကြည့်ပါ။ ကိုယ့်ကိုယ်တိုးတက်အောင် အမြဲလုပ်ဆောင်နေတဲ့အခါ ဘဝအတွေ့အကြုံတွေ ပိုရရှိစေနိုင်ပါတယ်။

နေ့ရက်တိုင်းမှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်းက ပြောင်းလဲမှုတွေဖြစ်လာစေနိုင်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ဘဝနေထိုင်မှုနည်းလမ်းတွေကနေ လက်တွေ့သိရှိချက်တွေကိုလေ့လာချင်တယ်ဆိုရင်တော့ ရောင့်ရဲမှုတွေ၊ ရည်မှန်းချက်တွေနဲ့ပြည့်နှက်နေတဲ့ ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့အကြောင်းတွေကို လမ်းညွှန်ပေးမယ့် The Good Life ကို အခုပဲ follow လုပ်ထားလိုက်ပါ။ 


Share

Comments

Ei ei cho

ဘဝမှာဖြတ်သန်းရင်းစိတ်ဓာတ်ကျစရာတွေကြုံရတယ် ပင်ပန်းမိတယ် ခွန်အားပြည့်စေတဲ့စာပေလေးတွေဖတ်ရတဲ့အခါ ငါဘယ်နားလိုအပ်နေလဲပြင်ရမယ်ဆိုတဲ့အတွေးတွေရလာတာမို့ စာပေတွေကိုအလွယ်တကူဖတ်ရှုခွင့်ရတာကလည်းကံကောင်းခြင်းပါပဲ The good lifeဖြစ်ဖို့စာဖတ်ဖို့လိုတယ်လေ

Shoon Lae Phyo

TheGood Lifeရဖို့ကျန်းမာရမယ်စိတ်ဓာတ်အတွေးတွေကောင်းမွန်ကြိုးစားရမယ်ငွေနဲ့ဝယ်ရတဲ့အရာတွက်စည်းကမ်းတကျဝယ်ပြီးပျော်ရွှင်မယ်ဝယ်မရတဲ့ဆက်ဆံရေးတချို့မှာအလေးနက်ထားချစ်ခင်ကြောင်းပြသမယ်ရောင့်ရဲမှုကြင်နာမှုအပြည့်နဲ့ဝါသနာအတိုင်းရည်မှန်းချက်နောက်လိုက်ရင်းကောင်းမွန်တဲ့ဘဝရဖို့ပျော်ရွှင်စွာဖြတ်သန်းသင့်ပါတယ်

Paulina Peace

ရောင့်ရဲ့တက်တဲ့စိတ်နဲ့ အကောင်းမြင်တက်တဲ့စိတ်လေးကဘဝအရမ်းအရေးကြီးတယ်လို့ထင်ပါတယ် တခါတ​ေလမပျော်ရွှင်မှုဆိုတာက လိုချင်တပ်မက်စိတ်များပီး မကောင်းမြင်စိတ်တွေကနေလာနေတာမို့လေ

Nilar Thein

တယောက်နဲ့တယောက်ပျော်ရွှင်မှုကိုစာဖွဲ့ကြတာမတူပါဘူးတစ်ချို့ကကျဒီလူရှိမှငါ့ဘဝကပြည့်စုံမှာတချို့ကကျတယောက်တည်းပျော်ရွှင်မှုကိုဖန်တီးပြီးရှာ‌ဖွေချင်ကြတာလူ့ဘဝကခဏတာပါပျော်ရွှင်မှုကိုအခြားသူအပေါ်ပုံအပ်ထားလို့မရပါဘူးကိုကိုယ်တိုင်သည်သာကိုယ့်ရဲ့ပျော်ရွှင်မှုremote controlကိုကိုင်ထားမှလူဖြစ်မရှုံးရမှာပါ

Ma Htet WaiHnin

မသိသေးတဲ့အကြောင်းအရာတွေကိုသိခွင့်ရတယ်! သိပြီးမလုပ်ဖြစ်သေးတဲ့အကြောင်းအရာတွေရယ်! ဘဝနေနည်းအနုပညာတွေရယ် ဘဝကို အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ဖို့နည်းလမ်းတွေကို ဝေမျှထားတဲ့ဆောင်းပါးလေးမို့ သဘောကျရပါတယ်ရှင် ကျေးဇူးပါ#the good life

soe nandar sn

တစ်ရက်တာမှာတက်နိုင်သလောက်အကောင်းဆုံးပြင်ဆင်နိုင်မှ တစ်ဘဝလုံးအကောင်းဆုံးဖြစ်လာမှာပေါ့နှော် စိတ်ထဲမှာဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတာသိသိနဲ့ အမြဲ ရက်တွေလတွေရွေ့တယ် ခုသိလာရတာက အချိန်တွေနောက်မဆုတ်ပဲ ချက်ချင်းလုပ်ကြည့်တယ်ပေါ့နှော် အဲ့ဒါက ညီမတွက်နောင်တလဲမဖြစ်တော့သလို နေ့စဥ်ဘဝအတွက် ပျော်ရွှင်မူတစ်ခုပါပဲ

soe nandar sn

တစ်ရက်တာမှာတက်နိုင်သလောက်အကောင်းဆုံးပြင်ဆင်နိုင်မှ တစ်ဘဝလုံးအကောင်းဆုံးဖြစ်လာမှာပေါ့နှော် စိတ်ထဲမှာဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတာသိသိနဲ့ အမြဲ ရက်တွေလတွေရွေ့တယ် ခုသိလာရတာက အချိန်တွေနောက်မဆုတ်ပဲ ချက်ချင်းလုပ်ကြည့်တယ်ပေါ့နှော် အဲ့ဒါက ညီမတွက်နောင်တလဲမဖြစ်တော့သလို နေ့စဥ်ဘဝအတွက် ပျော်ရွှင်မူတစ်ခုပါပဲ

soe nandar sn

တစ်ရက်တာမှာတက်နိုင်သလောက်ကိုယ့်ကိုကိုယ်အကောင်းဆုံးပြင်ဆင်နိုင်မှ တစ်ဘဝလုံးအကောင်းဆုံးဖြစ်လာမှာပေါ့နှော် စိတ်ထဲမှာဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတာသိသိနဲ့ အမြဲ ရက်လတွေရွေ့တယ် ခုသိလာရတာက အချိန်တွေနောက်မဆုတ်ပဲ ချက်ချင်းလုပ်ကြည့်တယ်ပေါ့နှော်အဲ့ဒါကနောင်တလဲမဖြစ်တော့သလို နေ့စဥ်ဘဝအတွက် ပျော်ရွှင်မူတစ်ခုပါပဲ

Thiri

ပိုကောင်းမွန်တဲ့ဘ၀ရဖို့အတွက် အမြဲတမ်းကိုယ့်ဘေးနား၀န်းကျင်ကိုရောကိုယ့်ကိုကိုယ်ပါ ဂရုစိုက်ဖို့မေ့ပြီး အောင်မြင်ဖို့အတွက်ပဲ အားစိုက်နေခဲ့ပါတယ် ဒီဆောင်းပါးကိုဖတ်ပြီး ကောင်းမွန်တဲ့ဘ၀ရဲ့အ‌ဓိပ္ပါယ်ကိုသိလာရပါတယ်

Related Posts