သူငယ်ချင်းများအပေါ်နဲ့ မိသားစုအပေါ် ဆက်ဆံရေးက ဘာလို့မတူရတာလဲ

Posted in လူမှုဘဝ


မိသားစုတွေထက် သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ ဘာကြောင့် ပိုလွတ်လပ်တယ်လို့ ခံစားရသလဲ ဆိုတာ သိချင်ဖူးကြလား။ သူငယ်ချင်းတွေနဲ့  စကားပြောရရင် ပန်းခြံထဲမှာ လမ်းလျှောက်နေသလို လွတ်လပ်ပေါ့ပါးနေတယ်လို့ ထင်ရပေမဲ့ မိသားစုနဲ့ စကားပြောနေတဲ့ အချိန်တွေဆိုရင် ဝင်္ကပါထဲမှာ လမ်းလျှောက် နေရတဲ့အတိုင်း လိုရင်းမရောက်သလို ခံစားနေတာလား? ဒီလိုခံစားရတာ ကရော သာမန်ပဲလား? ဟုတ်ပါတယ်။ ဒါဟာ သင်တစ်ယောက်ထဲ ခံစားနေရတဲ့ အရာတစ်ခု မဟုတ်ပဲ လူတိုင်းကြုံတွေ့ နေရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကဲ ဘာကြောင့် သူငယ်ချင်းတွေကို စကားပြောရတာက မိသားစုတွေကို စကားပြောရတာထပ် ပိုလွတ်လပ်ရသလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အနှောင်အဖွဲ့

သူငယ်ချင်း အချင်းချင်း ခင်မင်ရင်းနှီးမှုဆိုတာ သွေးသားတော်စပ်မှု ဒါမှမဟုတ် ဝတ္တရားကြောင့် ဖြစ်ပေါ်လာတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုကြောင့်သာ ပေါ်ပေါက်လာတဲ့ အရာ ဖြစ်ပါတယ်။ ဒါဟာ မိမိကိုယ်တိုင်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုဖြစ်ပြီးတော့ မိသားစုထဲက မဟုတ်ပဲ ဘယ်သူတွေကို ရွေးချယ်မလဲဆိုတာကို မင်းကိုယ်တိုင် စိတ်ကြိုက် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တူညီတဲ့ စိတ်ဝင်စားမှုတွေ၊  တူညီတဲ့ တန်ဖိုးထားတဲ့ အရာတွေနဲ့  စစ်မှန်တဲ့ မေတ္တာတရားတွေကြောင့် သူငယ်ချင်းတွေနဲ့ဆို ပိုပြီး သက်တောင့်သက်သာရှိတယ်လို့ ခံရစားစေပါတယ်။ သူငယ်ချင်းတွေနဲ့ ရှိနေရင် စိတ်ခံစားချက်တွေ၊ အတွေးတွေကို ဓလေ့ထုံးတမ်း ကန့်သတ်ချက်တွေ မပါဝင်ဘဲ လွပ်လွပ်လပ်လပ် ပြောဆိုလို့ ရတဲ့ စစ်မှန်တဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးနိုင်ပါတယ်။

ယုံကြည်မှုတည်ဆောက်ခြင်း

ယုံကြည်မှုဆိုတာ တစ်ဦးနဲ့တစ်ဦးပြောဆိုဆက်ဆံမှုတွေရဲ့ အခြေခံအုတ်မြစ် တစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဒီယုံကြည်မှုကို တည်ဆောက်ရာမှာ ဟာသနှီးနှောတာ ဖြစ်ဖြစ်၊ ညလုံးပေါက် စကားပြောတာ ဖြစ်ဖြစ်၊ တစ်ဦးနဲ့တစ်ဦးရဲ့ လျှို့ဝှက်ချက်များကို သိထားတာဖြစ်ဖြစ် စတဲ့ အရာလေးတွေက အရေးကြီးပါတယ်။ မိသားစုတွေမှာလည်း ယုံကြည်မှုဆိုတာရှိပေမယ့် အတိတ်က အဖြစ်အပျက်တွေနဲ့  မျှော်လင့်ချက်တွေပါ ရောပါလာတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ တည်ဆောက် ထားတဲ့ ယုံကြည်မှုဆိုတာ တစ်ပါးသူတို့ရဲ့ထင်မြင်ယူဆချက်များကို ကြောက်စရာမလိုပဲ လွတ်လွတ်လပ်လပ် ကွဲလွဲတင်ပြနိုင်တဲ့ အုတ်မြစ်ကြီးတစ်ခု ဖြစ်ပါတယ်။

မိသားစုအခန်းကဏ္ဍများမှ လွတ်မြောက်ခြင်း

မိသားစုတိုင်းမှာ အကိုကြီး၊ ညီမလေး၊ အိမ်ထောင်ဦးစီး၊ ကလန်ကဆန်စသဖြင့် အခန်းကဏ္ဍတစ်ခုစီ ရှိကြပါတယ်။ ဒီအခန်းကဏ္ဍတွေက မမြင်ရတဲ့ အုတ်တံတိုင်းတွေလိုပါပဲ ပြောဆိုဆက်ဆံရာမှာ အခက်အခဲဖြစ်စေပါတယ်။ သူငယ်ချင်းတွေနဲ့ဆိုရင် ဒီလိုအကန့်တွေမရှိပဲ ကိုယ့်ရဲ့ထင်မြင်ချက်တွေ ခံစားချက်တွေကို လွတ်လပ်စွာဖော်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦးလည်း တန်းတူဆက်ဆံနိုင်ပါတယ်။

အားနည်းချက်များကို ထုတ်ဖော်ဝေမျှခြင်း

ပွင့်လင်းပြီး သက်သောင့်သက်သာရှိတဲ့ ပြောဆိုဆက်ဆံမှုကို တည်ဆောက်ချင်ရင်တော့ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။  ကိုယ့်မိသားစုက  ကိုယ့်ရဲ့အစစ်အမှန်ကို မြင်နိုင်ပေမယ့်  ကိုယ့်သူငယ်ချင်းတွေနဲ့ ဆိုရင်လည်း  ကိုယ်ကိုယ်တိုင်က “ဒါဟာ အပေါ်ယံမပါတဲ့ ငါအစစ်အမှန်” ဆိုတာမျိုးကို ဖော်ပြနိုင်ဖို့ လိုပါတယ်။

 သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ပြောဆိုဆက်ဆံရာမှာ ဘာလို့ကွဲပြားကြရလဲ ဆိုတာကို အဖြေရှာဖို့ကတော့ ခက်ခဲပါတယ်။ အောက်ပါအကြံပေးချက်များကတော့ မိသားစုတွေနဲ့ဆက်ဆံရာမှာ ပိုမိုထိရောက်စေမယ့်နည်းလမ်းများပဲဖြစ်ပါတယ်။

  • ကိုယ့်ရဲ့ အတွေးအမြင်များကို စုစည်းထားပြီး ဖြည်းဖြည်းခြင်း ဝေမျှသွားပါ။

  • မိသားစုနဲ့ လွတ်လွတ်လပ်လပ် စကားပြောနိုင်မယ့် အချိန်ကိုရှာပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် ပြောဆိုဆက်ဆံမှုမျိုးကို ရွေးချယ်ပါ။

  • စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို  ကိုယ့်မိသားစုကို ပြောပြဖို့ ဝန်လေးနိုင်ပေမယ့် သင်ဝေမျှဖို့ဆုံးဖြတ်ပြီးရင် နောက်ဆုတ်ဖို့ ဝန်မလေးပါနဲ့။

  • မိသားစုဝင်တိုင်းက  ကိုယ့်အခက်အခဲတွေနဲ့  ကိုယ့်ခံစားချက်တွေကို အပြည့်အဝ နားမလည်နိင်ပေမယ့်  ကိုယ်ကိုယ်တိုင်က စိတ်ရှည်ရှည်ထားပြီး ပွင့်လင်းလွတ်လပ်စွာ ထုတ်ဖော် ဝေမျှပေးပါ။

ဒီအချက်တွေကို လိုက်နာရင် တစ်ဖြည်းဖြည်းနဲ့ သင့်ရဲ့မိသားစုကြား ပြောဆိုဆက်ဆံရေး တိုးတက်လာမှာ ဖြစ်ပြီး မိသားစုဝင်တွေလည်း အရင်ထက်ပိုမို နီးစပ်လာမှာဖြစ်ပါတယ်။


Share

Comments

Aung Thinzar

ကိုယ် မိသာစုနဲ့ စကားပြောဆိုရမှာလွတ်လပ်စွာပြောဆို နိုင်မူထက် ကိုယ်ရဲ့အခက်အခဲကိုပွင့်လင်းပြောဆိုမူက ပိုအရေးကြီးတယ် ဆိုတာပိုသိမြင်လာရပါတယ်

Moon Lian Sui

မိသားစုနဲ့သူငယ်ချင်း စကားပြောဆက်ဆံရတာ ဘာကြောင့်မတူဖြစ်ရတာလဲဆိုတာ ခံစားမိပေမယ့်ဘာကြောင့်ဆိုတာသေချာမသိခဲ့ဘူး ဒီဆောင်းပါးလေးဖတ်လိုက်တော့မှ တချို့အချက်လေးတွေ သိရှိသွားရတာမို့လို့ မိသားစုနဲ့ပိုပြီးရင်းရင်းနှီးနှီးနွေးနွေးထွေးထွေး နားလည်မှု့ရှိရှိ ဆက်ဆံပြီးရင်ဖွင့်နိုင်အောင်ပိုပြီးကြိုးစားပါ့မယ်ရှင့်

Thae Su san

ညီမကဆယ်ကျော်သက်တစ်ယောက်ပါ။သူငယ်ချင်းတွေနဲ့သာရင်းရင်းနှီးနှီးဆက်ဆံပေမဲ့မိသားစုနဲ့ကျရင်သူစိမ်းသပ်သပ်လိုဖြစ်နေတာပါ။ဒီဆုံးပါးထဲမှာကမိသားစုနဲ့ပတ်သတ်ပြီးရင်းနှီးအောင်ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုပြောပြပေးထားတဲ့အတွက်ညီမအတွက်အလွန်နှစ်သက်ရသလို နည်းလမ်းတွေလဲရခဲ့ပါတယ်။

Thae Su San

ညီမကဆယ်ကျော်သက်တစ်ယောက်ပါ။သူငယ်ချင်းတွေနဲ့သာရင်းရင်းနှီးနှီးဆက်ဆံပေမဲ့မိသားစုနဲ့ကျရင်သူစိမ်းသပ်သပ်လိုဖြစ်နေတာပါ။ဒီ‌ေဆာင်းပါးထဲမှာကမိသားစုနဲ့ပတ်သတ်ပြီးရင်းနှီးအောင်ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုပြောပြပေးထားတဲ့အတွက်ညီမအတွက်အလွန်နှစ်သက်ရသလို နည်းလမ်းတွေလဲရခဲ့ပါတယ်။

Ngwe Thar Hlaing

မိသားစုနဲ့စကားစပြောအချိန်တိုင်းအပြစ်ပြောခံရတယ့၊နှိုင်းယှဉ်ခံရတယ်ကိုယ်ကိုတိုင်ကရည်းထားပို့စိတ်မဝင်စားတာတောင်သူများထားတာမြင်တော့ခြီမ်းချောက်တယ်ထောင်ထည်းရောက်နေသလိုဘဲ

Related Posts