ကိုယ်ခန္ဓာ ထုထည် ညွှန်းကိန်း (သို့) BMI

Posted in ကျန်းမာရေး, ကိုယ်ကာယကြံ့ခိုင်ခြင်း


ကိုယ့်ခန္ဓာကိုယ်က ကျန်းမာတဲ့အချိုးအစားဖြစ်ရဲ့လား၊ ပိန်လွန်းနေလား၊ ဝလွန်းနေလား စသဖြင့် အဆီ ဘယ်လောက်ရှိနေလဲ ဆိုတာ သိချင်ပြီဆို BMI တိုင်းတာလိုက်တာက ကျန်းမာရေး စစ်ဆေးမှုတွေထဲက အသုံးဝင်တဲ့နည်းလမ်းကောင်း တစ်ခုပါပဲ။ BMI တိုင်းတယ်ဆိုတာဟာ အားကစားနဲ့ ကျန်းမာရေးလိုက်စားသူတွေအတွက် ရင်းနှီးနေတဲ့ အသုံးအနှုန်းဖြစ်ပြီးတော့ ကိုယ်ခန္ဓာရဲ့အလေးချိန်နဲ့ အရပ်ကို တိုင်းတာပြီး ကိုယ်တွင်းအဆီပမာဏကို ခန့်မှန်းတွက်ချက်ပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဘာအတွက် တိုင်းတာလို့ရလဲ

ကိုယ်အလေးချိန်တစ်ခုထဲနဲ့ တိုင်းတာက ယေဘုယျ ပိန်ခြင်း၊ ဝခြင်းကိုသာ သိရပြီး BMIမှာက ကိုယ့်အရပ်အမောင်းနဲ့ အလေးချိန်ကိုပါ တွက်ချက်တာမို့ ကိုယ်တွင်းအဆီပမာဏ ဘယ်လောက်ရှိမလဲဆိုတာပါ သိနိုင်ပါတယ်။ ဒီ့အပြင် တစ်ဦးတစ်ယောက်စီရဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ အဆီဓာတ်ကို BMI ကနေ တွက်ချက်သိရင်း သိထားလို့ရတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ လေ့ကျင့်ခန်းနဲ့ စားသောက်နေထိုင်မှုကနေ ကိုယ်လိုချင်တဲ့ Body Goalကို ရရှိဖို့ လွယ်ကူစေပါတယ်။

ဘယ်လိုတိုင်းတာမလဲ

BMI တွက်ချက်ဖို့အတွက် ကိုယ်အလေးချိန် (pound or kilogram) နဲ့ အရပ်အမြင့် (Centimeter or Meter or Pound) ကို တိုင်းတာထားဖို့ လိုပါတယ်။ BMI ပုံသေနည်းကတော့

  • ကိုယ်အလေးချိန် (pound) ကို 703နဲ့ မြှောက်ပါ
  • မြှောက်ပြီး ရလာတဲ့ အဖြေကို အရပ်အမြင့် (inches) နဲ့ စားပါ
  • စားပြီး ရလာတဲ့ အဖြေကို ခုနက အရပ်အမြင့် (inches) နဲ့ပဲ ထပ်စားပါ   

ကျန်းမာတဲ့ BMI

ကိုယ်တွင်းအဆီဓာတ်များနေတယ်ဆို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပြီး ကိုယ်တွင်းအဆီဓာတ်နည်းနေတယ်ဆိုလည်း အာဟာရမပြည့်ဝတာ၊ ကိုယ်ခံအားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်တင့်မျှတတဲ့ အဆီဓာတ်ရှိနေမှသာ ခန္ဓာကိုယ်တွင်း ဗီတာမင်နဲ့ မီနရယ်ဓာတ်တွေ ရစေပြီး ကိုယ်တွင်းအဂါတွေအတွက်ရော၊ ကိုယ်ခန္ဓာအပူချိန်ကိုပါ ကျန်းမာအောင် ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ BMI level ကတော့ 18.5 ကနေ 24.9 အတွင်းဆိုပေမယ့် ဒါက်ို ပုံသေလို့ မသတ်မှတ်ဘဲ တခြားကျန်းမာရေးအခြေအနေနဲ့ ဆေးစစ်ချက်တွေကိုလည်း ဆန်းစစ်လေ့လာသင့်တာပါ။ မျိုးရိုးဗီဇအခြေအနေ၊ ဆေးလိပ်နဲ့ အရက်သေစာသောက်စားတာ၊ စိတ်ကျန်းမာရေးအခြေအနေနဲ့လည်း ကိုယ်တွင်းအဆီဓာတ်နည်းတာများတာက သက်ဆိိုင်နေတတ်ပါတယ်။

BMI ရလဒ်ပေါ်မူတည်ပြီး ကျန်းမာရေးအခြေအနေကို အတိအကျမန့်မှန်းလို့မရပေမယ့် ကိုယ့်ခန္ဓာကိုယ်တွင်းက အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေကို တစ်မျိုးတစ်ဖုံ ကြိုသိထားနိုင်တာပါ။ အသုံးဝင်တဲ့ ကျန်းမာရေးtool တစ်ခုဖြစ်တဲ့အပြင် တိုင်းတာရလည်း လွယ်ကူတာမို့ BMI ပုံမှန်တိုင်းတာနေရင်း ကျန်းမာအချိုးကျတဲ့ ဘဝနေထိုင်မှုကို ရရှိနိုင်ပါတယ်။


Share

Comments

Related Posts