သက်သတ်လွတ်စားသုံးမှုပုံစံအမျိုးမျိုး

Posted in အစားအစာ


သက်သတ်လွတ်စားတာနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ အယူအဆနဲ့ အမြင်အမျိုးမျိုး ရှိကြပါတယ်။ သက်သတ်လွတ် လို့ ခြုံငုံပြီးပြောတဲ့ ဒီစားသောက်မှုပုံစံမှာ Vegan နဲ့ Vegetation ရယ်လို့ ထပ်ပြီး အမျိုးအစားကွဲပြားပါသေးတယ်။ ဒီအမျိုးအစားနှစ်ခုကို မကြာခဏ ရောထွေးအမှတ်မှားလေ့ရှိကြတာကြောင့် သူတို့နှစ်မျိုးရဲ့ မတူညီတဲ့ အချက်လေးတွေကို စိတ်ဝင်စားဖွယ် ဖော်ပြလိုက်ပါတယ်။

တိရိစ္ဆာန်ထွက်ပစ္စည်း မသုံးစွဲခြင်း (Vegan)

Vegan ဆိုတာ တိတိကျကျပြောရရင် တိရစ္ဆာန်ထွက်ပစ္စည်း မစားသုံးသူပါ။ အသားငါးတင်သာမက ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်း တွေကိုပါ မစားသုံးပါဘူး။ နို့ထွက်ပစ္စည်းတွေမှာ ချိစ့်၊ ထောပတ်၊ နို့ကို အခြေခံပြီး ထုတ်ထား တဲ့ ခရင်တွေ၊ နို့ပါဝင်တဲ့ အချိုပွဲနဲ့ ကိတ်တွေအထိ ရှောင်ကြဉ်တဲ့ စားသောက်မှုပုံစံပါ။ စားသောက်မှုအပြင် တိရစ္ဆာန်ထွက်ပစ္စည်းနဲ့ ထုတ်လုပ်ထားတဲ့ ဘယ်လိုထုတ်ကုန်ကိုမဆို အသုံးမပြုတာ (ဥပမာ- ပျားရည်၊ သားမွေး ထည်၊ သားရေအိတ်၊ သားရေဖိနပ်၊ ပုလဲ၊ ကတိုးဆီပါဝင်တဲ့ ရေမွှေး စသည်)၊ တိရစ္ဆာန်အပေါ် စမ်းသတ်မှု ပြု လုပ်ထားတဲ့ အလှကုန်နဲ့ ဆေးဝါးများ (အလှကုန်နဲ့ ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်မှာ ယုန်၊ ကြွက် အစရှိတဲ့ တိ တွေ အပေါ်  စမ်းသတ်မှု ပြုလုပ်ခြင်းများ ရှိပါတယ်) ကို မသုံးစွဲတာတွေက Vegan တစ်ယောက်ရဲ့ လူမှုဘဝ၊ စား သောက်နေ ထိုင်မှု ပုံစံ၊ ခံယူချက်နဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

သက်သတ်လွတ်စားသုံးခြင်း (Vegetation)

လူအများစုနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Vegetation (သက်သတ်လွတ်စားသုံးခြင်း) ကတော့ Vegan ထက် ရှောင်ကြဉ် တဲ့အရာ ပိုနည်းတယ်လို့ ပြောလို့ရပါတယ်။ အသားကိုပဲ ရှောင်တာဖြစ်ပြီး တချို့ကတော့ ကြက်ဥ/ဘဲဥ လို ဥ အမျိုးမျိုးကိုပါ ရှောင်ကြဉ်ကြပါတယ်။ Vegetation တွေရဲ့ စားသောက်မှုပုံစံမှာ ဟင်းသီးဟင်းရွက်၊ ဥနဲ့ နို့၊ နို့ထွက်ပစ္စည်းတွေ ထည့်သွင်းစားသောက်ကြပြီး အသားသီးသန့်ကိုပဲ မစားသုံးတာပါ။ သက်သတ်လွတ်သမား တချို့ကတော့ ဘာသာရေးအရဖြစ်ပြီး တချို့က ကျန်းမာရေးအတွက် အသားစားသုံးမှု ရှောင်ကြဉ်ကြတာ ဖြစ်ပါ တယ်။

ခြေလေးချောင်းသားရှောင်ခြင်း (proletarian diet

နောက်ထပ် စားသောက်မှုပုံစံတစ်မျိုးကတော့ ခြေလေးချောင်းသားရှောင်ကြဉ်တာပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံနဲ့ ရင်းနှီး ပြီးသားပုံစံမျိုးဖြစ်ပြီး ထပ်ရှင်းပြရရင်တော့ သက်သတ်လွတ်စားသုံးခြင်းထဲကို ငါးနဲ့ ပင်လယ်စာတွေ ထည့်ပေါင်းစားသုံးတာ ဖြစ်ပါတယ်။ တချို့ကတော့ ခြေနှစ်ချောင်းရှိတဲ့ ကြက်သားကိုလည်း စားကြပါတယ်။ အနီရောင်အသား (Red meat) တွေကို အဓိကရှောင်ကြဉ်တဲ့ စားသောက်မှုလို့ ပြောနိုင်ပါတယ်။ အသီးအနှံ၊ နို့နဲ့ ဥက ရရှိတဲ့ အာဟာရအပြင် အသားက ရရှိတဲ့ အာဟာရကိုပါ ထပ်ပေါင်းယူဖို့ လိုအပ်သူတွေ အစားများကြတဲ့ စားသောက်မှု ပုံစံတစ်မျိုးပါ။ တချို့ကလည်း ဘာသာရေးအရ ခြေလေးချောင်းသား ရှောင်ထားတာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ သက်သတ်လွတ်စားသုံးမှု၊ ခြေလေးချောင်းသား‌ရှောင်ကြဉ်မှုတွေအပြင် အခြားသော စားသောက်မှုပုံစံများစွာ ရှိပါသေးတယ်။ လူတစ်ဦးချင်းစီရဲ့ အာဟာရလိုအပ်ချက်၊ ခံယူချက်နဲ့ ဘာသာရေး အယူ အဆတွေကြောင့် ဘယ်လိုစားသုံးမှုပုံစံကိုပဲ လိုက်နာပါစေ၊ ဒါဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပါတယ်။ သူတို့ရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး အဆိုးမြင်ဝေဖန်တာ၊ ဝင်ရောက်စွတ်ဖက်တာ၊ လှောင်ပြောင်တာတွေက မယဥ် ကျေးတဲ့၊ ကျင့်ဝတ်မရှိတဲ့ အပြုအမူတွေပါ။ ကိုယ်က သက်သတ်လွတ် (သို့) အခြားစားသောက်မှုပုံစံတစ်ခုခုကို ရေရှည်ဆောင်ရွက်ချင်တယ်ဆိုရင်တော့ အာဟာရဗေဒပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါရစေ။


Share

Comments

Related Posts