အဖြစ်များပေမယ့် သတိမထားတတ်ကြတဲ့ ခံတွင်းပြဿနာ

Posted in ကျန်းမာရေး


“အာရောဂျံ ပရမံ လာဘံ -ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါး” ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း လူတစ်ယောက်မှာ ကျန်းမာရေးကောင်းဖို့က အရေးအကြီးဆုံးပါပဲ ။လူတော်တော်များများက ကျန်းမာရေးနဲ့ ပက်သတ်ရင် ဂရုတစိုက်ရှိတတ်ကြပေမယ့် အများစုက ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့တော့ မေ့လျော့နေတတ်ကြတာကိုတွေ့ရပါတယ်။ဒီလို မြန်မာမှာ အထူးသဖြင့် အမျိုးသားတွေ အများဆုံး စားလေ့ရှိကြတဲ့ ကွမ်းနဲ့ ဆေးလိပ်သောက်တာလိုမျိုး အရာတွေက ခံတွင်းကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်တဲ့အပြုအမူတွေဖြစ်ပြီး  ကွမ်းချိုးကပ်ခြင်း၊ ၊  ခံတွင်းရောဂါဖြစ်ခြင်း ၊ သွားပိုးစားခြင်း၊ ခံတွင်းအနံ့နံခြင်းနဲ့ ခံတွင်းကင်ဆာ လိုမျိုး ခံတွင်းပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

WHO ရဲ့ ၂၀၁၉ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ခံတွင်းကျန်းမာရေး အစီရင်ခံစာအရ သွားပိုးစားခြင်း (ဝါ) သွားအခေါင်းပေါက်ဖြစ်ခြင်းနဲ့ သွားတွေကို ပတ်ရံပြီး အထောက်အပံ့ပေးထားတဲ့ အရိုးတွေ ပိုးဝင်ပြီး နာကျင်ရောင်ရမ်းရာကနေ ဖြစ်တဲ့ ခံတွင်းရောဂါတွေဟာဆိုရင် မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ခံတွင်းပြဿနာတွေပဲဖြစ်ပါတယ်။  ဒီအစီရင်ခံစာမှာဆိုရင်  ငါးနှစ်နဲ့ အထက်လူတွေရဲ့ ၂၂.၈% ဟာဆိုရင် မကုသပဲထားထားတဲ့ သွားပိုးစားဝေဒနာရှိနေပြီး  (၁၅) နှစ်နဲ့အထက် ၈.၉ % မှာ စိုးရိမ်ရလောက်တဲ့ ခံတွင်းဝေဒနာတွေ ရှိနေတာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီဆောင်းပါးမှာ အခု  ပြောပြသွားတဲ့ သွား ပြဿနာတွေကို ကာကွယ်ပြီး တောက်ပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်နိုင်စေဖို့  နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

သွားပိုးစားခြင်း

သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက်ဖြစ်ခြင်းက အဖြစ်များတဲ့ ခံတွင်းပြဿနာတစ်ခုပါ။ အချိုတွေအစားများတဲ့အခါ သွားထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက သကြားတွေကိုစားသုံးရင်းထုတ်တဲ့ အက်ဆစ်ကြောင့် သွားတွေဆွေးမြည့်ပျက်စီးသွားတာကနေ သွားပိုးစ စားတာဖြစ်ပါတယ်။ သွားပိုးစားခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားကိုတစ်နေ့နှစ်ခါမှန်မှန်တိုက်ဖို့လိုပြီး သွားပွတ်ကြိုးကိုလည်း ပုံမှန်လေးသုံးပေးဖို့လိုပါတယ်။ ဒါ့အပြင် အချိုနဲ့ အအေးတွေကိုလည်း လျှော့သောက်သင့်ပါတယ်။ 

သွားဖုံးရောဂါ

ခံတွင်းပိုးဝင်ရာကနေဖြစ်တဲ့ periodontal လိုလူသိများတဲ့ သွားဖုံးရောဂါဟာဆိုရင်လည်း မကုသပဲထားရင် သွားတွေကိုပါဆုံးရှူးစေနိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ သူ့ရဲ့ ရောဂါလက္ခဏာတွေဟာဆိုရင်တော့ သွားဖုံးယောင်ရမ်းခြင်း ၊ နီမြန်းခြင်း၊ သွားဖုံးသွေးယိုခြင်း ၊ ခံတွင်းအနံ့ဆိုးရွားခြင်းနဲ့ သွားယိုင်နဲ့လာခြင်းတို့ပဲဖြစ်ပါတယ်။ သွားဖုံးရောဂါကို ကာကွယ်ဖို့ဆိုရင်တော့ သွားမှန်မှန်တိုက်၊ သွားသန့်ရှင်းရေးမှန်မှန်လုပ်ပြီး သွားဆရာဝန်ဆီပုံမှန်သွားကာ စစ်ဆေးမှုခံယူသင့်ပါတယ်။ ကိုယ်က ဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုရင်တော့ ဆေးလိပ်သောက်တာကို ဖြတ်လိုက်သင့်ပါတယ်။ 

ခံတွင်းအနံ့ဆိုးခြင်း

Halitosis လို့ခေါ်တဲ့ ခံတွင်းအနံ့ဆိုးရွားခြင်းကလည်း အဖြစ်များတဲ့ ခံတွင်းပြဿနာတစ်ခုပါပဲ။ ခံတွင်းသန့်ရှင်းရေးအားနည်းခြင်း၊ ခံတွင်းရောဂါခံစားနေရခြင်း နဲ့ အချို့သော အစားအသောက်တွေကြောင့် ခံတွင်းအနံ့ဆိုး ထွက်နိုင်ပါတယ်။ ဒီလို အနံ့ဆိုးထွက်တာကို ကာကွယ်ဖို့ဆိုရင်တော့သွားမှန်မှန်တိုက်၊ သွားသန့်ရှင်းရေးမှန်မှန်လုပ်ပြီး ၊ antimicrobial ခံတွင်းသန့်စင်ဆေးသုံးတာမျိုး၊ ရေများများသောက်ပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။ သွားတိုက်ဆေးဝယ်တဲ့အခါမှာလည်း အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ Colgate Max Fresh Toothpaste Minty Blast လိုမျိုး ပူရှိန်းနံ့ပါတဲ့ သွားတိုက်ဆေးမျိုးကို အဓိကထားရွေးဝယ်သင့်ပါတယ်။

သွားနဲ့ ခံတွင်း ကျန်းမာရေးသာမကပဲ အခြားသော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း မဖြစ်ခင် ကြိုတင်ကာကွယ်ထားခြင်းက ကုသခြင်းထက် ပိုကောင်းတယ် ဆိုတာကိုတော့ အမြဲသတိချပ်စေချင်ပါတယ်။ အဲ့ဒါကြောင့် နေ့တိုင်းနေ့တိုင်း သွားနဲ့ခံတွင်းကို ဂရုစိုက်ဖို့မမေ့ကြပါနဲ့နော်။


Share

Comments

Yoon shwe yee aung

ခံတွင်းကျန်းမာရေးကအရမ်းအရေးကြီးတယ် သွားမကောင်းရင်ခေါင်းကအစကိုက်ခဲသလိုအစာလည်းသေချာမစားနိုင် ခလေးကအစလူကြီးအဆုံးသွားကျန်းမာရေးကအရမ်းအရေးပါတာကြောင့်သွားကျန်းမာရေးနဲ့ပတ်သတ်တာတွေသိရလို့အရမ်းသဘောကျမိပါတယ်

Anonymous

သွားကျန်းမာရေးကလည်းအရေးကြီးတယ်ဆိုတာခုစာလေးဖတ်မိမှပဲသွားကိုဘယ်လိုဂရုစိုက်ရမယ်ဆိုတာသေချာလေးသိခွင့်ရတော့တယ်လူတိုင်းလူတိုင်းအတွက်သွားကျန်းမာရေးဟာအရေးကြီးဆုံးပါ

Anonymous

ခံတွင်းကျန်းမာရေးအကြောင်းသေချာလေးသိခွင့်ရတယ်သွားကိုက်တာအလွန်ခံရတဲ့အခါဆောင်ရန်ရှောင်ရန်လေးတွေသိခွင့်ရတဲ့အပြင်သွားကိုဘယ်လိုဂရုစိုက်ရမယ်ဆိုတာပါသိလိုက်ရလ်ို့ကျေးဇူးပါ

Related Posts