ခွေးလေးတွေရဲ့ နှာ‌‌ဗွေရာ

Posted in အိမ်မွေးတိရစ္ဆာန်


ပါပီလေးတို့ရဲ့ နှာခေါင်းပုံသဏ္ဌာန်က လူတွေရဲ့ တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ လက်ဗွေရာလိုမျိုး ကွဲပြားခြားနားတယ်ဆိုတာ သိကြပါသလား။ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွံ့စည်းတည်ဆောက်ပုံချင်း တူနေတဲ့ လူနှစ်ယောက်မှာတောင် လက်ဗွေရာတွေ မတူသလို မျိုးရိုးဗီဇတူတဲ့ ခွေးလေးတွေမှာတောင်လည်း နှာခေါင်းပုံသဏ္ဌာန်ကလည်း တစ်ကောင်နဲ့တစ်ကောင် လုံးဝ မတူညီကြပါဘူး။ ဒါကြောင့် ဒီလိုထူးခြားတဲ့ သဘာဝကြောင့် ခွေးလေးတွေ တစ်ကောင်ချင်းစီကို သူတို့လေးတွေရဲ့ နှာဗွေရာလို့ ခေါ်နိုင်တဲ့ နှာခေါင်းပုံသဏ္ဌာန်ကနေ ခွဲခြားလို့ရပြီး ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်းသိနိုင်ပြီပေါ့။              

ဘာလို့ကွဲပြားခြားနားကြတာလဲ

ခွေးလေးတို့ရဲ့ နှာခေါင်းဟာ အရိုးနုနဲ့ သွေးကြောလေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားပြီး အာရုံခံစနစ်လည်းပါဝင်တာကြောင့် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ နောက်ထပ် ထူးထူးခြားခြားပဲ သူတို့နှာခေါင်းပုံသဏ္ဌာန်က တစ်ကောင်နဲ့တစ်ကောင် မတူညီတာမို့ ခွဲခြားသိဖို့လည်း လွယ်သွားစေပါတယ်။ သူတို့လေးတွေနှာခေါင်းက မွေးဖွားလာကတည်းက ဘက်စုံဖွံ့ဖြိုးလာကြပြီး အသက်အရွယ်ရတဲ့တိုင် မပြောင်းလဲဘဲ ရှိနေတာမို့ ခွေးလေးတွေရဲ့ ဘဝတစ်လျှောက် ကိုယ်စီထူးခြားတဲ့ အမှတ်အသား၊ အထောက်အထားအဖြစ် ရှိနေမှာပါ။

လက်တွေ့ခွဲခြားစိတ်ဖြာကြတဲ့အခါ

အရင်က ခွေးလေးတွေ တစ်ကောင်နဲ့တစ်ကောင် ခွဲခြားကြဖို့ဆို ID tagsတွေ အသုံးပြုကြပေမယ့် သူတို့ရဲ့ နှာခေါင်းပုံသဏ္ဌာန် (နှာဗွေရာ)ပါ ထပ်ဆန်းစစ်မယ်ဆို ပိုမိုတိကျတဲ့ ရလဒ်ရမှာပါ။ ခွေးပျောက်ရှာတတ်တဲ့ တစ်ချို့ အဖွဲ့အစည်းတွေမှာဆို သူတို့လေးတွေရဲ့ နှာခေါင်းပုံသဏ္ဌာန်ကြည့်ပြီး ရှာဖွေရေး လုပ်ဆောင်တတ်ကြပါသေးတယ်။ ဒီနည်းလမ်းက ပိုတိကျပြီး ရှာဖွေရေးမှာ အထောက်အကူအများကြီးပြုကာ ခွေးလေးတစ်ကောင်နဲ့တစ်ကောင်ကို မရောသွားအောင် တိတိကျကျခွဲခြားပေးနိုင်တာပါ။  

ခွေးလေးတွေရဲ့ နှာခေါင်းဟာ သူတို့ခန္ဓာကိုယ်မှာ ထူးခြားကွဲပြားနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီနှာခေါင်းလေးကပဲ တခြားခွေးလေးတွေနဲ့ မရော‌ထွေးနေအောင် ခွဲခြားပေးတာပါ။ နောက်ပြီး ပိုမိုသေချာပြီး စိတ်ချယုံကြည်ရတဲ့နည်းလမ်းမို့ သူတို့လေးတွေအတွက် ကိုယ်ပိုင်အမှတ်အသားလေးတစ်ခုစီ ဖြစ်နေတော့တာပေါ့။             


Share

Comments

Related Posts