လုပ်ဖော်ကိုင်ဖက်များနှင့်ခရီးသွားခြင်း

Posted in လူမှုဘဝ, ခရီးသွားခြင်း


တစ်နေ့ ၈နာရီကြာ အတူတူအလုပ်လုပ်ကိုင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးတစ်ခု အတူသွားကြတာဟာ တစ်ယောက်နဲ့တစ်ယောက် ရုံးချိန်ပြင်ပ ရင်းနှီးချစ်ခင်မှုတွေတိုးစေပြီး ပျော်စရာလည်း ကောင်းလှတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ပုံမှန်ဆို အလုပ်မှာ တစ်ရက်တစ်ရက် ပြည့်လျှံနေတဲ့ အလုပ်အချိန်ဇယားတွေ၊ အစည်းအဝေးတွေနဲ့ မအားမလပ်ဖြစ်နေရာက ခရီးတိုလေးတစ်ခု သတ်မှတ်ပြီး သွားကြတဲ့အကျိုးကျေးဇူးအနေနဲ့ အလုပ်လုပ်ကြတဲ့အခါ အရင်ကထက် လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း စုပေါင်းလုပ်ဆောင်နိုင်မှုအားတိုးစေတဲ့အပြင် တစ်ဥ◌ီးချင်း  Productivityတွေကောင်းလာကာ တိုးတက်အောင်မြင်မှုတွေကို ပေးစွမ်းနိုင်ပါသေးတယ်။ ဒါကြောင့် အခုဆောင်းပါးလေးထဲမှာ ခရီးအတူထွက်ရင်း လုပ်ဖော်ကိုင်ဖက်တွေကြား ကောင်းမွန်တဲ့ အချိန်နဲ့အမှတ်တရတွေ ဖန်တီးဖို့ သိထားသင့်တဲ့ နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

အစီအစဥ် သေချာဆွဲခြင်း

ခရီးထွက်ဖို့ ပြင်ဆင်ကြတော့မယ်ဆို ခရီးရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကို သိမြင်ပြီး သေချာပြင်ဆင်သွားသင့်ဖို့လိုပါတယ်။ ခရီးအစီအစဥ◌်အတွက် တာဝန်အသီးသီး ခွဲယူကာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ လိုက်ဖက်အဆင်ပြေမယ့် အချိန်နဲ့နေရာ ရွေးချယ်ပြီး ပျော်စရာကစားနည်းလေးတွေ၊ အနားယူဖို့ အစီအစဥ◌်လေးတွေ ဖန်တီးထည့်သွင်းထားလိုက်ပါ။ ပွင့်လင်းရင်းနှီးတဲ့ ပေါင်းသင်းဆက်ဆံရေးက နေရာတိုင်းမှာ အရေးကြီးဆုံးမို့ ခရီးအစီအစဥ◌်ကို လုပ်ဖော်ကိုင်ဖက်အားလုံးသိရအောင် ဝေမျှပြီး ညိှနှိုင်းဆောင်ရွက်လိုက်မယ်ဆို အမှတ်တရကောင်းတွေ ဖန်တီးနိုင်မယ့် ခရီးလေးဖြစ်မှာ အမှန်ပါပဲ။

ကူညီဖေးမခြင်း

ခရီးအတူသွားကြတဲ့အခါ ရုံးမှာ အလုပ်တူတူလုပ်ကြတဲ့အချိန်တွေနဲ့ သိပ်မတူတော့ဘဲ မရင်းနှီးတဲ့ဒေသတစ်ခုမှာ အားလုံးတူတူစုပေါင်းသွားကြတဲ့အတွက် အချင်းချင်းကူညီရိုင်းပင်းမှု ရှိလာစေပါတယ်။ အစားအသောက်တွေ ယူလာ၊ဆောင်လာပေးပြီး အချင်းချင်းဝေမျှကြတာ၊ တစ်ယောက် အဆင်သင့်မဖြစ်သေးရင် တစ်ယောက်ကစောင့်ပေး၊ ဂရုစိုက်ပေးတာ စသဖြင့် ကူညီပေးတာလေးတွေ ရှိမယ်ဆို နွေးထွေးပျော်ရွှင်ရင်းနှီးကြတဲ့ ခရီးကောင်းလေးတစ်ခုဖြစ်မှာပါ။

အနားယူချိန်လည်း ထည့်သွင်းပါ

လုပ်ဖော်ကိုင်ဖက်တွေမှ မဟုတ်ဘဲ လူအမျိုးမျိုးနဲ့ ခရီးသွားကြတဲ့အခါ တချို့က အနားယူချင်လို့ ခရီးသွားတာ၊ တချို့က နေရာအသစ်တွေ စူးစမ်းလျှောက်လည်ချင်လို့ သွားကြတာ၊ စောစောအိပ်ယာထတတ်ကြသူတွေ၊ နောက်ကျမှ အိပ်ယာထတတ်သူတွေ စသဖြင့် ရှိတတ်ကြပါတယ်။ လူအများစုနဲ့ သွားရတာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး လိုက်လျောညီထွေရှိဖို့ကတော့ လိုအပ်ပြီး ပြင်ဆင်ထားတဲ့ ခရီးစဥ◌်ရဲ့ အစီအစဥ◌်တွေထဲမှာ နားချိန်လေးလည်း ထည့်သွင်းပေးဖို့လိုပါတယ်။ ဒါမှ ကိုယ်ပိုင်အချိန်လေးတွေလည်း ရကာ အနားယူချင်သူက အနားယူ၊ နောက်ထပ်နေရာကောင်းလေးတွေ သွားလည်ချင်သူတွေက သွားလည် စသဖြင့် ခရီးစဥ◌်က အချိန်ပြည့်အစီအစဥ◌်တွေချည်း ပြည့်နှက်မနေတဲ့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကျေနပ်စရာ ဖြစ်စေမှာပါပဲ။

Personal & Professional 

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါ့ပါ့ပါးပါး ခရီးအတူသွားကြတယ်၊ လုပ်ငန်းခွင်ပြင်ပဖြစ်တယ် ဆိုပေမယ့်လည်း အလုပ်နဲ့ personal life ခွဲခြားရှိနေဖို့ လိုပါသေးတယ်။ ကိုယ်က အလုပ်ဝင်တာလည်း မကြာသေး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သေချာမရင်းနှီးကြသေးဘူးဆို တတ်နိုင်သလောက် ကိုယ့်အတွင်းရေးတွေ ဝေမျှတာ မလုပ်သင့်သေးပါဘူး။ ဘာကြောင့်ဆို အခန့်မသင့်လို့ နားလည်မှုလွဲကြတဲ့အခါ အချင်းချင်းနေရထိုင်ရခက်စေပြီး ခရီးအတူသွားကြတယ်ဆို တစ်ခရီးလုံး အတူရှိနေကြမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ အဆင်မပြေ မဖြစ်စေတာတွေကို သတိထားရှောင်ကြဥ်ရမှာပါ။ အချင်းချင်း လေးစားကူညီကာ ပျော်စရာကောင်းတဲ့ ခရီးလေးတစ်ခုဖြစ်အောင် ဖန်တီးနိုင်ဖို့ လုပ်ငန်းခွင်ပြင်ပ ရင်းနှီးချစ်ခင်မှုတိုးစေလိုတဲ့ ဒီအသင်းအဖွဲ့ရဲ့ ခရီးထွက်ရတဲ့ ရည်ရွယ်ချက်ကို အမှတ်ရနေဖို့ လိုပါတယ်။

အလုပ်ပဲ ဖိလုပ်နေတာထက်စာရင် ကိုယ်နဲ့အလုပ်အတူလုပ်နေတဲ့ အပေါင်းအသင်းနဲ့ ခရီးတိုလေးပဲဖြစ်ဖြစ် သွားလိုက်မယ်ဆို ရှေ့ဆက်အတူလုပ်မယ့် အလုပ်တွေအတွက်ရော ပေါင်းသင်းဆက်ဆံရေးအတွက်ပါ အကျိုးကျေးဇူးတွေ ရစေမှာ အမှန်ပါ။ အခုဆောင်းပါးလေးကို ဖတ်နေသူရော လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးသွားဖူးပြီးသွားပြီလား။ ခရီးသွားခဲ့တဲ့ အမှတ်တရကောင်းတွေ မှတ်မိသေးရင် အောက်က ကောမန့်မှာ မျှဝေခဲ့ဖို့ မမေ့နဲ့နော်။


Share

Comments

Related Posts