အချစ်တော် တိလေးတွေ အမွေးကျွတ်ရာသီရောက်ပြီဆိုရင်

Posted in အိမ်မွေးတိရစ္ဆာန်


ရာသီဥတုလည်း ပူလာပြီဆိုတော့ အိမ်က အမွေးလုံးလေးတွေလည်း ဟောဟဲဆိုက်လာကြပြီပေါ့။ နွေရာသီက အမွေးထူ တိ‌လေးတွေ အမွေးကျွတ်တဲ့ ရာသီလည်း ဖြစ်လို့ ပူကလည်း ပူ၊ အမွေးတွေကလည်း ကျွတ်ဖြစ်နေတဲ့ အခြေအနေမှာ တိလေးတွေ သက်သောင့်သက်သာဖြစ်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆို အမွေးညှပ်ပေးလာကြပါတယ်။ ကိုယ့်အိမ်က တိလေး ကို အမွေးကျွတ်တာအတွက် အောက်ပါ အချက်တွေ သိထားဖို့လိုပါတယ်။

ဖြီးသင်ပေးပါ 

နွေစဝင်လာလို ပူလာပြီဆိုတာနဲ့ ခွေးတွေ၊ ကြောင်တွေ အမွေးစကျွတ်လာပါပြီ။ ဆိုဖာတွေပေါ်မှာ၊ အဝတ်တွေမှာ သူတို့ အမွေးတွေ ချည်းပါပဲ။ ဒီလို အမွေးကျွတ်ရာသီ စလာတဲ့အခါ ကိုယ့်တိလေးတွေကို ပုံမှန် အမွေးဖြီးပေးတာက သခင်တွေအတွက် အခြေခံ လုပ်ငန်းစဥ်တစ်ခုပါ။ ကိုယ့်တိရဲ့ အမွေးအတိုအရှည်ပေါ်မူတည်ပြီး အနည်းဆုံး တစ်ပတ်ကို ၃ ခါကနေ နေ့စဥ်ဖြီးပေးတာမျိုး ပြုလုပ်ရပါမယ်။ ဒီလိုဖြီးပေးတာက အမွေးတွေကို ရှင်းလင်းစေပြီး ဖုန်တင်နေတာနဲ့ အညစ်အကြေး တွေကို ဖယ်ရှားပေးလို့ အရေပြားမှာ သဘာဝအဆီ ကောင်းမွန်စွာထွက်စေပြီး အေးမြစေဖို့ အထောက်အကူပြုပါတယ်။

ကြောင်တွေကိုလည်း အလားတူပဲ အမွေးပုံမှန်ဖြီးပေးခြင်းဖြင့် အမွေးကျွတ်တဲ့ရာသီမှာ အမွေးတွေ သီးနေတာမျိုးမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမွေးရှည်ကြောင်မျိူးတွေဆို မဖြစ်မနေ အမွေးဖြီးပေးဖို့ မမေ့ပါနဲ့။

ကျွမ်းကျင်သူနဲ့ အမွေးညှပ်ပါ 

အချို့သောတိပိုင်ရှင်တွေက တိလေးတွေကို ကိုယ်တိုင်အမွေးညှပ်ပေးချင်တတ်ကြပါတယ်။ အမွေးညှပ်တယ်ဆိုတာ ဘာမှ မဟုတ်ဘူး၊ လူတိုင်းလုပ်တတ်လောက်မယ်လို့ ထင်ရပေမယ့် ကျွမ်းကျင်မှုလိုတဲ့ အလုပ်တစ်ခုပါ။ တိလေးတွေရဲ့ အမွေးဆို တာ သူတို့ကို အအေးဓာတ်၊ အပူဓာဏ်က ကာကွယ်ပေးနေတဲ့ သားမွေးကုတ်တွေပါ။ သားမွေးကုတ်တွေ ထူလွန်းရင်လည်း အရမ်းပူရသလို အမွေးတွေကို အပြောင်ရိတ်လိုက်မယ်ဆိုရင် တိလေးတွေရဲ့ အရေပြား နေလောင်နိုင်တာကြောင့် ကျွမ်းကျင် သူလက်ထဲ အပ်လိုက်တာ အကောင်းဆုံးပါပဲ။ တိ အမျိုးအစားနဲ့ အမွေးအထူအပြား၊ အတိုအရှည်တွေပေါ်မူတည်ပြီး အကောင်းဆုံးပုံစံကို ကျွမ်းကျင်သူတွေ ညှပ်ပေးကြပါတယ်။

သင့်အမွေးလုံးလေးက လက်သည်းခြေသည်းညှပ်ရခက်တဲ့ ကောင်လေးတွေဆိုရင် အမွေးညှပ်ရင်း တစ်ပါတည်း ဆောင် ရွက် နိုင်သေးတယ်နော။ ဒီလိုဆိုရင် ကိုယ်ကိုယ်တိုင် တိလေးကို အမွေးညှပ်ဖို့၊ လက်သည်းညှပ်ဖို့ အပင်ပန်းခံနေစရာမလို တော့ဘဲ ဘေးကနေ အားပေးနှစ်သိမ့်ပေးနေရုံပါပဲ။

ရေချိုးသန့်စင်ပေးခြင်း 

အပူချိန်များတဲ့နွေက အမွေးလုံးတွေ ရေချိုးဖို့ အကောင်းဆုံးရာသီဖြစ်ပါတယ်။ ခွေးအများစုကတော့ သူတို့ကိုယ်တိုင် လိုလို ချင်ချင် ရေချိုးရေစိမ်ချင်တတ်ကြပါတယ်။ ရေပုံမှန်ချိုးပေးခြင်းဖြင့် အမွေးကျွတ်တွေ၊ အညစ်အကြေးနဲ့ ဖုန်တွေတင်တာကို သန့်စင်ပေးနိုင်လို့ အေးမြပြီး သက်‌တောင့်သက်သာ ဖြစ်စေပါတယ်။ ‌ရေချိုးနေတုန်း သူတို့လေးတွေရဲ့ ခြေဖဝါးနဲ့ ခြေသည်း လက်သည်းတွေ၊ နှုတ်သီးတွေ အဆင်ပြေပြေ ရှိ/မရှိ စစ်ဆေးဖို့ မမေ့နဲ့နော်။ ရေချိုးပြီးရင်တော့ မြန်မြန်လေး သေချာအခြော က် ခံဖို့ လိုအပ်ပါတယ်။ သြော် ပြီးတော့ သင့်ခွေးလေးက ရေကူး၊ ရေစိမ်ရတာကို အလွန်ကြိုက်တယ်ဆိုရင် နားထဲရေဝင်နိုင်ခြေရှိလို့ ရေနဲ့ထိတွေ့ပြီးတိုင်း သူတို့နားတွေကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

ခွေးတွေနဲ့မတူဘဲ ကြောင်တွေကိုတော့ မကြာမကြာရေချိုးပေးဖို့ မလိုအပ်ပါဘူး။ ကြောင်တွေဆိုတာ နဂိုတည်းက သူတို့ ကိုယ် သူတို့ လျှာနဲ့ လျှက်ပြီး သန့်ရှင်းရေးလုပ်တတ်ကြတဲ့ အကောင်လေးတွေမို့ပါ။ ဒါပေမယ့် ဟိုချောင်ဒီကြား တိုးခဲ့လို့ အရမ်းပေပွနေပြီဆိုရင်တော့ ရေချိုးပေးလိုက်တာ ကောင်းပါတယ်။ ခွေးရော ကြောင်ရောအတွက် သူတို့အမျိုးအစားနဲ့ သင့် တော်မယ့် shampoo တွေနဲ့သာ ရေချိုးပေးရပါမယ်နော်။

စားသောက်နေထိုင်မှုပုံစံ 

အမွေးမကျွတ်တာ သက်သာစေဖို့၊ အပူအအေးမျှတ ကျန်းမာစေဖို့ဆိုရင် တိ‌လေးတွေမှာ ရာသီအလိုက် သင့်တော်မှန်ကန် တဲ့ စားသောက်နေထိုင်မှုပုံစံ ရှိဖို့လိုအပ်ပါတယ်။ပရိုတင်းဓာတ်များပြီး ကာဗွန်ဟိုက်ဒရိတ် ပါဝင် မှုနည်းတဲ့၊ အဆီဓာတ် အလောတော်ပါဝင်တဲ့ အစားအစာတွေက သူတို့လေးတွေရဲ့ အမွေးကို တောက်ပြောင်ကျန်းမာစေပြီး အကျွတ်သက်သာ စေမှာ ဖြစ်ပါတယ်။ အပူချိန်များတာကြောင့် တိလေးတွေကို ရေများများသောက်ခိုင်းဖို့ လိုပြီး အစာခြောက်ထက်စာရင် အစာစို ပိုကျွေးသင့်ပါတယ်။ တချို့တိလေးတွေက နွေရာသီမှာ အစားနည်းသွားတတ်တာမျိုးရှိလို့ သူတို့အစာစားတဲ့ ပမာဏ ကိုလည်း စောင့်ကြည့်ပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ ရတာသေချာအောင် ဂရုစိုက်ကျွေးမွေးပေးပါ။

အပြင်ထွက်တဲ့အခါ 

နွေရာသီမှာ တိလေးတွေနဲ့ အပြင်ထွက်တဲ့အခါ အပူရှိန်များတဲ့ အချိန်တွေမှာ မထွက်သင့်ပါဘူး။ သူတို့ရဲ့ ခြေဖဝါးလေးတွေ က အရမ်းနုတာကြောင့် ပူပြင်းတဲ့ လမ်းမပေါ်မှာ လမ်းလျှောက်တဲ့အခါ အပူလောင်သွားနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ လမ်းလျှောက်ထွက်တဲ့အခါ မနက်စောစော ဒါမှမဟုတ် ညနေ နေအေးမှ သွားကြဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ နွေရာ သီဆိုတာ မြက်သီးတွေ(မြက်ဆူးတွေ) သီးတွေရာသီလည်းဖြစ်လို ပိုးမွှားတွေလည်း ပေါတဲ့အချိန်ပါ။ ခွေးလေးက မြက်ခင်း တွေထဲ လူးလိမ့်ဆော့ကစားတဲ့အခါ အမွေးတွေကြားထဲမှာ မြက်သီးတွေ၊ မွှားတွေ ကပ်တွယ်လာနိုင်ပါတယ်။ ဒါကြောင့် အပြင်က ပြန်လာပြီးတိုင်း ကိုယ့်တိလေးကို သေချာစစ်ဆေး သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ တကယ်လို့ ကိုယ်က တိလေးကို ကားနဲ့အပြင်ခေါ်သွားတယ်ဆိုရင် ကားထဲမှာ တိလေးတစ်ကောင်တည်း ထားခဲ့လို့မရပါဘူး။ ဘယ်လောက်ပဲ တံခါးဟ ပေးထားတယ်ဆိုစေဦးတော့ အရမ်းပူတာကြောင့် တိလေးအသက်ဆုံးရှုံးတဲ့အထိ သက်ရောက်မှုကြီးမားသွားနိုင် ပါတယ်။

ပူပြင်းလှတဲ့ နွေ၊ အမွေးကျွတ်ရာသီမှာ တိလေးတွေကို အမွေးညပ်ပေးတာက သူတို့လေးတွေ ကျန်းမာစေဖို့၊ သက်‌တောင့် သက်သာ ဖြစ်စေဖို့ အလွန်အရေးပါပါတယ်။ အမွေးညှပ်တော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်၊ ယုံကြည်စိတ်ချရတဲ့၊ မေတ္တာ စေတနာ ပြည့်ဝတဲ့ Pet spa ကို သေချာလေးရွေးချယ်သင့်တဲ့အပြင် သခင်ကိုယ်တိုင်ပါ ဂရုစိုက်စောင့်ကြည့်နေမယ်ဆိုရင် တိလေးတွေအတွက် အကောင်းဆုံးပဲပေါ့။ အမွေးလုံးတို့နဲ့အတူ ပေါ့ပါးရှင်းလင်းတဲ့ နွေနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။


Share

Comments

Related Posts