သွက်လက်ရဲရင့်တဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းနည်းလမ်းများ

Posted in မိဘအုပ်ထိန်းခြင်း



သတ္တိရှိ၊ စွန့်စားရတာကြိုက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်ကြတဲ့ သွက်လက်ရဲရင့်တဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းဟာ ဆုလာဘ်တစ်ခုလည်းဖြစ်သလို  စိန်ခေါ်မှုတွေလည်း အများကြီးရှိနိုင်ပါတယ်။ သူတို့လေးတွေဟာ အမြဲတမ်းလိုလို စူးစမ်းလိုစိတ်တွေပြင်းပြပြီး စွန့်စွန့်စားစားလုပ်ဆောင်တတ်ကြသလို အကြောက်အရွံ့လည်း နည်းကြတာကြောင့် တစ်ခါတစ်လေစိတ်မြန်လက်မြန်ရှိကြပြီး နမော်နမဲ့နိုင်တယ်လို့ ထင်တတ်ကြပါလိမ့်မယ်။ မိဘတွေအနေနဲ့ အဲ့လိုကိုယ်ရည်ကိုယ်သွေးတွေရှိတဲ့ ကိုယ့်ကလေးငယ်ရဲ့သဘောသဘာဝတွေကို အားပေးမြှင့်ထိန်းသိမ်းပေးရင်းနဲ့ သူတို့လေးတွေကို အပြည့်အဝကာကွယ်ပေးဖို့ နှစ်ခုကြားထဲမှာ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ သွက်လက်ရဲရင့်တဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်းနဲ့ဆိုင်တဲ့ အုပ်ထိန်းမှုပုံစံတစ်ချို့အကြောင်းကို လေ့လာကြည့်လိုက်ရအောင်။

ရှင်းလင်းပြတ်သားတဲ့ မျှော်လင့်ချက်မျိုးတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပါ

ရဲရင့်တဲ့လုပ်ရဲကိုင်ရဲရှိတဲ့ကလေးတွေက သူတို့အနေနဲ့ ဘယ်လိုမျိုး ပြုမှုပြောဆိုနေထိုင်ရမလဲဆိုတာနဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့မိတယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာကို သဘောပေါက် နားလည်ထားဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေက ကိုယ်ချမှတ်ထားတဲ့ လိုက်နာလုပ်ဆောင်ရမယ့် စည်းကမ်းချက်တွေက ရိုးရှင်းပြီးတော့ ခဏခဏပြောင်းလဲတာမျိုးမဖြစ်ဖို့နဲ့ ကိုယ်ပြောထားတဲ့အတိုင်း တစ်ကယ်လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

ကိုယ်တိုင်ရပ်တည်နိုင်တဲ့သူတွေဖြစ်ဖို့ အခွင့်အရေးတွေပေးပါ

ကလေးတွေကို သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာယူတတ်ပြီးတော့ သူတို့ကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေဖို့  ခွင့်ပြုပေးပါ။ အခုလိုမျိုးလုပ်ဆောင်ပေးတာက သူတို့တွေကို အမှီအခိုကင်းကင်းနဲ့ ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ အရွယ်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာဖို့ ကူညီပေးနိုင်ပါတယ်။

ဘေးကင်းလုံခြုံဖို့ သင်ကြားပေးပါ

စွန့်စားတတ်တဲ့ရဲ့ရင့်တဲ့ကလေးတွေအနေနဲ့ အခြေအနေအမျိုးမျိုးကြားထဲမှာ ဘယ်လိုမျိုး ဘေးကင်းလုံခြုံမှု ရှိရှိနေထိုင်ရမလဲဆိုတာကို သင်ကြားထားဖို့လိုအပ်ပါတယ်။ ဒီလိုအရာတွေထဲမှာဆို  ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မိသားစုဝင်မဟုတ်တဲ့ လူစိမ်းတွေရန်ကနေ ကာကွယ်တာမျိုးနဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနည်းတွေကို သင်ကြားပေးတာမျိုးတွေ ပါဝင်ပါတယ်။

အနီးကပ် ကြီးကြပ်ပေးပါ

သွက်လက်ရဲရင့်တဲ့ကလေးငယ်ကလေးငယ်တွေဟာ ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ သတ္တိရှိတဲ့သူတွေ ဖြစ်ကြပေမယ့် ဘေးနားကနေ ကြီးကြပ်ပေးဖို့ လိုအပ်နေဆဲပါပဲ။ ပြောရမယ်ဆိုရင်တော့ အထူးသဖြင့် သူတို့လေးတွေငယ်ရွယ်သေးတဲ့အချိန်မှာနဲ့  အန္တရာယ်ဖြစ်စေနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အခါမှာ  အရေးကြီးပါတယ်။

စိတ်ချယုံကြည်ရတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုတည်ဆောက်ပေးပါ

ရဲရင့်တဲ့ကလေးသူငယ်တွေက သူတို့အုပ်ထိန်းသူမိဘတွေကို ယုံကြည်လို့ရတယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် သူတို့နဲ့ပတ်သက်လာရင် ရိုးသားပွင့်လင်းပြီး သူတို့ပြောတာတွေကို နားထောင်ပေးတာနဲ့ အမြဲအားပေးထောက်ပံ့ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ မိဘတွေကို အပြည့်အဝယုံကြည်တဲ့ ရဲရင့်တဲ့ကလေးငယ်တွေက သူတို့လိုအပ်နေတဲ့ အကူအညီတွေကို  မိဘတွေဆီကတောင်းခံဖို့ ဝန်လေးတော့မှာ မဟုတ်ပါဘူး။

ကလေးတိုင်းက တန်ဖိုးရှိထူးခြားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုပြောပြသွားတဲ့နည်းလမ်းတွေကို ကိုယ့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လိုအပ်ချက်တွေပေါ်လိုက်ပြီး ချိန်ညှိကာ လက်တွေ့အသုံးချကြည့်နိုင်ပါတယ်။ သွက်လက်ရဲရင့်တဲ့ကလေးငယ်ဟာ ခန္ဓာ၊ စိတ်ခွန်အားတွေ အများကြီးရှိသလို စူးစမ်းလိုစိတ်တွေနဲ့ ပြည့်ဝနေတတ်တာကြောင့် အားကစား၊ တစ်ခြားသောဝါသနာတွေနဲ့ သင့်ရိုးညွှန်းတမ်းပြင်ပမှာရှိတဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် သူတို့ရဲ့ စိတ်ဝင်စားမှုတွေကိုထုတ်ဖော်နိုင်ပေးနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ပေးအပ်ထားပေးပါ။ အခုပြောပြသွားတဲ့အချက်လေးတွေကို လက်တွေ့အသုံးချရင်း ကိုယ့်ရဲ့ ကလေးတွေကို ပျော်ရွှင်ကျန်းမာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင် ပေးနိုင်ပါတယ်။ 


Share

Comments

Thar Thar

နည်းလမ်း​ကောင်း​တွေများစွာမျှ​ဝေထားလို့ The good lifeကို​ကျေးဇူးတင်ပါတယ် တစ်ခါတ​လေကျရင်သားသားအ​ပေါ်​ဒေါသထွက်ပီးရိုက်မိသလို စိတ်ထိန်းလိုက်ရတာ​​တွေလည်းရှိပါတယ် အခု​တော့ဒီစာ​လေးထဲကအတိုင်းလုပ်ကြည့်ပါ​တော့မယ်ရှင့်

Thar Thar

နည်းလမ်း​ကောင်းများစွာမျှ​ဝေထားလို့ ​pageကိုကျေးဇူးတင်ပါတယ်တစ်ခါတ​လေကျရင်သားသားအ​ပေါ်​ဒေါသထွက်ပီးရိုက်မိသလို စိတ်ထိန်းလိုက်ရတာ​တွေလည်းရှိပါတယ်အခု​တော့ဒီစာ​လေးထဲကအတိုင်းလုပ်ကြည့်ပါ​တော့မယ်ရှင့်

cat

ပြတ်သားတဲ့စည်းမျဥ်းတွေကို ချမှတ်ထား တဲ့အတိုင်း ပြုလုပ်တာ ကလေးဘဝမှာ သာမက ဘယ်နယ်ပယ်မှာ မဆို ဆရာ ကောင်း တွေ ကျင့်သုံးတဲ့အရာ မို့ ကိုယ်တိုင်လဲဒီလိုစည်းမျဥ်းနဲ့ ထိန်းသိမ်း ခံရတဲ့အခါ အုပ်ထိန်း သူကို ကြောက်တာမဟုတ် ပဲ စည်းမျဥ်း တွေကို လိုက်နာ ကျင့်သုံးဖို့ထိရောက်တဲ့ လုပ်ဆောင် ချက် လို့ ခံစား ရတယ်

monemoneshar

ကလေးတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ရဲရင့်ထက်မြက်မှုတွေနဲ့အတူ active ဖြစ်ပြီး မိမိကိုယ်ကိုယ်မိမိတာဝန်ယူနိုင်စွမ်းရှိအောင်၊အခြေအနေနဲ့အညီ လိုက်လျောညီထွေစွာ နေထိုင်တတ်ဖို့ သင်ကြားပေးနိုင်တဲ့ ဗဟုသုတလေးတွေရလို့ အကြိုက်ဆုံးပါ။

Zin Zin Aye

သားလေးကို သွက်လက်ရဲရင့်သော ကလေး ဖြစ်ချင်တာမို့ အခု ဆောင်းပါးလေးကို အဓိကထားပီး ရွေးချယ်ဖတ်ခဲ့ပါတယ်... အခုလိုမျိုး ဖတ်ခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင့်...❤❤❤

Zin Zin Aye

သားလေးကို သွက်လက်ရဲရင့်သော ကလေးဖြစ်စေချင်တဲ့အတွက် ဒီဆောင်းပါးလေးကို အဓိကထား ဖတ်ဖြစ်ပါတယ်... ကိုယ့်ဘာသာရပ်တည်နိုင်သော ကလေးဖြစ်ဖို့အတွက် ဘေးက ကြီးကြပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အမှန်ပါပဲ... အခုလိုမျိုး ဖတ်ခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင့်...❤❤❤

September Star

ကလေးရဲ့စူးစမ်းချင်စိတ်တွေ မေမေ့ရဲ့စိုးရိမ်စိတ်ကြောင့်အဟန့်အတားဖြစ်မှာ စိတ်ပူနေခဲ့တာ အခုတော့ စည်းစနစ်နဲ့သင်ကြားပေးပြီး အန္တရာယ်ကင်းအောင်စောင့်ရှောက်နိုင်မှန်း သိရပြီ ကလေးဘ၀ကစ ရဲရဲရင့်ရင့်ယုံကြည်မှုရှိရှိ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချနိုင်ဖို့ မေမေဖတ်မှတ်ထားသမျှအသုံးချပြီး အကောင်းဆုံးပံ့ပိုးကူညီမယ်နော်😘

Phyo

အခုဒီဆောင်းပါးလေးမှာတစ်ချို့မိဘတွေသတိမထားမိတဲ့ ကလေးပြုစုပျိုးထောင်နည်းလေးတွေမျှဝေထားတာအလွန်မှတ်သားစရာကောင်းပါတယ်။ကိုယ်တိုင်လဲမိခင်နေရာများရောက်ဖြစ်ခဲ့သော် ကိုယ့်အားကိုယ်ကိုးပြီးရဲရင့်တဲ့လူတစ်ယောက်ဖြစ်အောင် ငယ်စဉ်ကပင်ထိုစနစ်ကျသောနည်းလမ်းများဖြင့်ပြုစုပျိုးထောင်ချင်မိပါတယ်။

Related Posts