မိုးရာသီနဲ့ ဆံပင်ကျွတ်ခြင်း

Posted in ကျန်းမာရေး


အိမ်မှာ ဟိုနေရာနည်းနည်း၊ ဒီနေရာနည်းနည်းနဲ့ ကျွတ်ထားတဲ့ ကိုယ့်ဆံပင်တွေ ကြည့်ရင်း စိတ်ညစ်နေရပြီလား။ ဆံပင်အာဟာရ ချို့တဲ့တာ၊ ဆံသားကို ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှု မရှိတာအပြင် စိတ်ဖိစီးမှုများတာတွေနဲ့ တခြားကျန်းမာရေးပြဿနာတွေကြောင့် အမျိုးသား၊ အမျိုးသမီးမရွေး ဆံပင်တွေ ကျွတ်တတ်ကြတာပါ။ ပုံမှန်ဖြစ်တတ်တဲ့ ဒီလိုအကြောင်းအရင်းတွေကြောင့်အပြင် စိုစွတ်ထိုင်းမိုင်းတဲ့ အခုလိုမိုးရာသီကလည်း ဆံသားပျက်စီးပြီး ဆံပင်ကျွတ်ခြင်းကို အားပေးပြန်ပါသေးတယ်။ မိုးတွင်းရဲ့ အစိုဓာတ်မြင့်မားမှုကြောင့် ဆံသားအဆီပြန်စေပြီး ဗောက်ထတာအပြင် ဆံပင်အမြစ်တွေ အားနည်းကာ ဆံပင်ပိုကျွတ်စေလာတာမျိုးပါ။ ဒီလိုဖြစ်ပြီဆိ ဆံသားကျန်းမာရေးအတွက် မကောင်းတဲ့အပြင် ကျွတ်တဲ့ဆံပင်တွေကို သေချာမထိန်းသိမ်းနိုင်ဘူးဆို ပတ်ဝန်းကျင်အတွက်လည်း အမြင်မကောင်းစေပါဘူး။ ဒါကြောင့် မိုးရာသီမှာ ဒီလိုဆံပင်ကျွတ်နေတာတွေကို ဘယ်လိုလျော့ချကာကွယ်မလဲဆိုတာ ဒီဆောင်းပါးထဲမှာ ကြည့်ကြည့်လိုက်ရအောင်။

အစိုဓာတ်နဲ့ ဆံပင်

မိုးရေစက်တွေနဲ့ အတူ အစိုဓာတ်ပေါများတဲ့ မိုးရာသီမှာ ဆံသားတွေ အဆီပြန်ကာ၊ ကျွတ်လွယ်ပြီး ပျက်စီးဖို့လည်း လွယ်ပါတယ်။ တခြားရာသီဥတုတွေမှာထက် မိုးရာသီမှာ ပိုပြီး‌တော့ ဆံပင်ပျက်စီးမှုနှုန်းများစေပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အစိုဓာတ်က ဆံသားတွေကို အထိအခိုက်လွယ်စေပြီး ဆံသားပြတ်တောက်ခြင်းကို ဖြစ်စေပါတယ်။ မိုးရေမှာ ပါတဲ့ အက်စစ်ဓာတ်နဲ့ ဓာတုညစ်ညမ်းမှုအချို့ ကလည်း ဥ◌ီးရည်ပြားနဲ့ ဆံသားမှာရှိတဲ့ သဘာဝအဆီအနှစ်တွေကို ခမ်းခြောက်စေတာကြောင့် ခြောက်သွေ့ပျက်စီးစေလွယ်ပါသေးတယ်။ ဒါကြောင့် မိုးရာသီမှာ အပြင်ထွက်ပြီဆို ဆံသားအတွက် တတ်နိုင်သလောက် အကာအကွယ်ရှိထားစေပြီး ဆံပင်ကျွတ်ခြင်းကို အားပေးတဲ့ ဥ◌ီးရည်ပြား အဆီမထွက်စေကာ ဗောက်မထအောင် ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးပါတယ်။

ရှောင်ကြဥ်သင့်တဲ့ အလေ့အကျင့်တွေ

ဒီလိုမိုးအေးအေးနဲ့ လိုက်ဖက်နေတဲ့ ကော်ဖီတွေ အသောက်များတာကလည်း ဥ◌ီးရည်ပြားကို ရေဓာတ်ခြောက်သွေ့‌စေပြီး ကျန်းမာတဲ့ ဆံသားပေါက်ဖွားမှု အထောက်အကူမဖြစ်ပါဘူး။ ရေများများသောက်ကာ Omega, Zinc, Vitamin B12 ပါဝင်တဲ့ အစားအသောက်တွေ ရွေးချယ်စားသောက်မယ်ဆို ဆံသားနဲ့ ဥ◌ီးရည်ပြားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာပါ။ တော်တော်များများသတိမထားမိကြတဲ့ အလေ့အကျင့်ဆိုးအနေနဲ့က ခေါင်းလျှော်ပြီးပြီးချင်းမှာ ဆံပင်အခြောက်မြန်အောင် ကြမ်းကြမ်းတမ်းတမ်း ဆံပင်အခြောက်ခံတာ၊ ဆံပင်ဖြီးချတာမျိုးပါ။ စိုစွတ်နေတဲ့ ဆံပင်က အထိအခိုက်အလွယ်ဆုံးဖြစ်တာမို့ တတ်နိုင်သလောက် သဘာဝအတိုင်း အခြောက်ခံနည်း အသုံးပြုပြီး အမျိုးသမီးတွေအနေနဲ့ ဆံပင်ဖြောင့်စက်၊ ကောက်စက်စတဲ့ အပူပေး၊ အလှဆင်မှုတွေကို ဆံသားအတွက် တတ်နိုင်သလောက် လျော့ချပေးဖို့လိုပါတယ်နော်။

လုပ်ဆောင်သင့်တဲ့ ဆံပင်ထိန်းသိမ်းနည်းတွေ

မိုးရာသီမှာတင် မဟုတ်ဘဲ နေရောင်ပြင်းထန်တတ်တဲ့ နွေရာသီမှာပါ အပြင်ထွက်ကြတဲ့အခါ ထီး၊ ဥ◌ီးထုပ် စတဲ့ အကာအကွယ်ယူကာ နေဒဏ်၊ မိုးဒဏ်ကြောင့် ဆံသားမပျက်စီးအောင် ကာကွယ်သင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း တစ်ပတ်မှာ ၂ခါ သို့ ၃ခါ လျှော်ပေးသင့်ပြီး အရည်အသွေးကောင်းကာ ကိုယ့်ဆံသားအမျိုးအစားနဲ့ လိုက်ဖက်တဲ့ ဆံပင်အားဖြည့်ထိန်းသိမ်းပေးတဲ့ ပစ္စည်းတွေ ရွေးချယ်အသုံးပြုပေးပါ။ ခေါင်းခြောက်အောင် သုတ်တဲ့အခါ သန့်ရှင်းနူးညံ့တဲ့ အဝတ်နဲ့ ညင်ညင်သာသာသုတ်ပြီး ဘီးကျဲကျဲအသုံးပြု ဖြီးပေးနိုင်ပါတယ်။ တခြားကျန်းမာရေးပြဿနာတွေကလည်း ဆံပင်ကျွတ်ခြင်းနဲ့ ဆက်စပ်နေနိုင်တာကြောင့် တစ်နှစ်တစ်ခါလောက် ကျန်းမာရေးစစ်ဆေးချက် လုပ်ဆောင်ကြည့်ပြီး စိတ်ဖိစီးမှုလျော့ချကာ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ ဂရုပြုသင့်ပါသေးတယ်။

ပုံမှန်အချိန်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဆံပင်တွေကျွတ်တတ်ပေမယ့် မိုးရာသီမှာတော့ ပုံမှန်ထက် အစိုဓာတ်ပေါများပြီး ဆံပင်ပျက်စီးကာ ကျွတ်နိုင်တာပါ။ ဒီလိုမဖြစ်ရအောင် အပေါ်ကအချက်လေးတွေနဲ့ ဆန်းစစ်ပြုပြင်ကြည့်ပြီး ကျန်းမာသန်စွမ်းတဲ့ ဥ◌ီးရည်ပြားနဲ့ ဆံသားတွေ ပိုင်ဆိုင်ရရှိကာ ဆံပင်ကျွတ်တာတွေကို အတတ်နိုင်ဆုံး လျော့ချနိုင်မှာဖြစ်ပါတယ်။ 


Share

Comments

Related Posts