နှစ်သစ်နဲ့ လိုက်ဖက်မယ့် အာဟာရပြည့်၀တဲ့ အရသာများ

Posted in အစားအစာ


နှစ်သစ်ကို ကူးပြောင်းလာတာနဲ့အမျှ ပိုပြီးကျန်းမာသန်စွမ်းတဲ့ နေ့ရက်တွေအတွက် သင့်ရဲ့နေ့စဉ်စားသောက်တဲ့ အလေ့အထတွေကို ပိုကောင်းတဲ့အပြောင်းအလဲလေးစဖို့ အကောင်းဆုံးအချိန်ကိုရောက်လာပြီပေါ့နော်။ ဒီနှစ်မှာတော့ အရသာလည်းစုံ၊ ကိုယ်ခန္ဓာအတွက်လည်း အာဟာရဖြစ်စေနိုင်တဲ့ ချက်ပြုတ်နည်းတွေကိုပဲ ကြည့်လိုက်ရအောင်ပါ။ သင့်ရဲ့ ပန်းကန်ပြားပေါ်က စားဖွယ်ရာလေးတွေကို အပြောင်းအလဲလေး ဖြစ်သွားအောင်၊ အရသာလည်း အကြိုက်တွေ့မယ့်အပြင် အာဟာရလည်း ရှိစေမယ့် ချက်ပြုတ်နည်းတွေကို ဖော်ပြပေးထားပါတယ်။ 

၁- ပရိုဘိုင်အိုးတစ် ပြည့်ဝတဲ့စားဖွယ်ရာများ 

တစ်နေ့တာကို လန်းဆန်းစေပြီး အူလမ်းကြောင်းအတွက် အကောင်းဆုံးဖြစ်စေတဲ့ ပရိုဘိုင်အိုတစ်နဲ့ စတင်လိုက်ရင်တော့ အကောင်းဆုံးရွေးချယ်မှုပဲပေါ့။ ဒိန်ချဉ်စစ်စစ်လေးရယ်၊ လတ်ဆတ်တဲ့ဘယ်ရီသီးလေးတွေကို ရောမွှေပြီး အစေ့အဆံလေးတွေကိုပါ အပေါ်ကနေ ဖြူးလိုက်မယ်ဆို အူလမ်းကြောင်းကို အထောက်အကူဖြစ်စေရုံသာမက အချိုကြိုက်သူတွေအတွက်ပါ ကျန်းကျန်းမာမာနဲ့ စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။ မနက်စာကို အမြဲတမ်း ဆီကြော်တွေနဲ့ မဖြတ်သန်းတော့ပဲ ဒီလိုအစာချက်လမ်းကြောင်းကို မျှတပြီးကျန်းမာစေတဲ့ ပရိုဘိုင်အိုတစ်က နှစ်သစ်ကိုတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒိန်ချဉ်အပြင် တခြားသောပရိုဘိုင်အိုတစ်တွေဖြစ်တဲ့ မီဆို၊ ကင်မ်ချီ၊ နာတို၊ ပဲပိစပ်၊ နာတို စတာတွေကိုလည်း သုံးဆောင်နိုင်ပါတယ်။

၂- အာဟာရပြည့်ဝတဲ့ အုတ်ဂျုံမနက်စာ 

စားနေကျမနက်စာတွေကနေ ပုံမှန်ထက်ကို အာဟာရပြည့်ဝတဲ့ အုတ်ဂျုံတစ်ပွဲစားပြီး အဆင့်မြှင့်လိုက်ပါ။ အမျှင်ဓာတ်ပြည့်ဝတဲ့ အုတ်ဂျုံက တစ်နေ့တာကို ဗိုက်ဝပြီး အားအင်ပြည့်ဝနေစေပါတယ်။ အရသာပိုကောင်းအောင် ငှက်ပျောသီးအနည်းငယ်၊ ပျားရည်နဲ့၊ ချီရာစေ့လေးတွေပါထည့်ပြီး စားသုံးနိုင်ပါတယ်။ ဒီပြည့်ဝတဲ့မနက်စာဟာဆိုရင် တစ်နေကုန်အားအင်အပြည့်နဲ့ အသီးအနှံတွေကရတဲ့ ဗီတာမင်အစုံကြောင့် လန်းဆန်းတက်ကြွပြီး အကျိုးရှိပြီး အလုပ်ပြီးမြောက်တဲ့ နေ့လေးတစ်နေ့ကို စတင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

၃- ရသာစုံထောပတ်သီး ဆလတ် 

နေ့လယ်စာကိုလည်း အပြောင်းအလဲလေးဖြစ်အောင် အာဟာရစုံလင်ပြီး စားလို့လည်းကောင်းတဲ့ ထောပတ်သီးဆလတ်လေးလည်း လုပ်စားလို့ရပါသေးတယ်။ ကိုယ်ခန္ဓာထဲက ကိုယ်လက်စထရောကို လျှော့ချပေးတဲ့ မပြည့်ဝအဆီ ပါဝင်တဲ့ ထောပတ်သီးဟာဆိုရင် စိမ့်စိမ့်အိအိလေးနဲ့ ဝါးလို့ကောင်းအောင် ဖန်တီးပေးပါတယ်။ ဒါကို အရောင်အသွေးစုံလင်အောင် ချယ်ရီ ခရမ်းချဉ်သီးလေးတွေ၊ သခွားသီးလေးတွေ လှီးထည့်ပြီး သံပရာရည်၊ သံလွင်ဆီ၊ ဆား နဲ့ ငရုတ်ကောင်းမှုန့်လေးတွေ ဖြူးပြီး ဗီတာမင်စုံလင်တဲ့ စားလို့အကောင်းဆုံး နေ့လယ်စာအဖြစ် စားသုံးနိုင်ပါတယ်။ ဒီဆလတ်ဟာဆိုရင် သင့်ရဲ့ကိုယ်ခန္ဓာကျန်းမာမှုကို အရသာရှိရှိ အထောက့်အပံ့ ဖြစ်နေစေမှာ အသေအချာပေါ့။ 

၄- ဆယ်မွန်အရသာ နတ်သုဒ္ဓါ

အရသာခံ ဆဲလ်လေးတွေကို ဘဝဂ်ညံအောင် ပျော်မြူးစေရုံမက အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကိုပါ အားကောင်းလာစေမယ့် ဆယ်မွန်ငါးဟင်းလေးကိုလည်း အရသာခံပြီး သုံးဆောင်နိုင်ပါတယ်နော်။ အပူပေးပြီးစားစား၊ ကင်ပြီးစားစား ဆယ်မွန်ငါးဟာ ဆိုရင် နှလုံးနဲ့ ဦးနှောက်လည်ပတ်မှုကို ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေ ထုတ်ပေးနိုင်တယ်လေ။ ဒီငါးလေးနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ပျားရည်နဲ့ ရနံ့ကိုပါသင်းသင်းလေးဖြစ်အောင် သံပရာလေးအနည်းငယ်နဲ့ နှပ်ထားပြီး ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ပါထည့်ကာ နူးအောင်ကင်ပြီးဖြစ်ဖြစ် ဖုတ်ပြီးဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။ အခုပဲသင့် ညစာစားပွဲကို ဒီအရသာရှိတဲ့ နတ်သုဒ္ဓါဟင်းပွဲလေးဖြည့်သွင်းပြီး သုံးဆောင်နိုင်ပါပြီ။ 

ကိုယ်ခန္ဓာအတွက် အာဟာရလည်းပြည့်ပြီး စားလို့လည်း ကောင်းတဲ့ အထက်ပါ အရသာလေးတွေနဲ့အတူ နှစ်သစ်ကို အရသာရှိရှိ ကျော်လွန်ဖြတ်သန်းလိုက်ရအောင်နော်။ တစ်လုတ်ချင်းစီတိုင်း ပိုအရသာရှိပြီး ပိုကျန်းမာတဲ့သူဖြစ်အောင် ဒီဟင်းပွဲလေးတွေနဲ့အတူ ပြောင်းလဲပစ်လိုက်ပါ။ ဒါဆိုရင်တော့ ကျန်းမာခြင်းဆုလာဘ်ရော အရသာခံစားမှုပါ ပြီးပြည့်စုံမယ့် နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်မှာပေါ့။  


Share

Comments

Related Posts