Cheese အမျိုးမျိုး ရွေးချယ်စားကြရာဝယ်

Posted in အစားအစာ


Supermarkets တွေမှာ စျေးဝယ်ကြတဲ့အခါ အမျိုးအမယ်စုံလင်လှတဲ့ ချိစ်အမျိုးအစားအစုံအလင်ကြား ကိုယ်ချက်ပြုတ်တဲ့အစားအစာနဲ့ တွဲဖက်ပြီး ဘယ်လိုချိစ်ကို‌ ရွေးချယ်ရမလဲ စဥ်းစားရခက်ဖူးကြမှာပါ။ အရသာအပြည့်နဲ့ အီစိမ့်နေတဲ့ ချိစ်တွေက နွားနို့၊ ကျွဲနို့၊ ဆိတ်နို့ စတဲ့ နို့ထွက်ပစ္စည်းတွေကနေ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ရှိတတ်ကြပြီး ပုံမှန်အားဖြင့်တော့ ချိစ်အမျိုးအစား ၈မျိုးရှိကြတာပါ။ ဒီလို ချိစ် ၈ မျိုးထဲကပဲ ချိစ်နာမည်အမျိုးမျိုးတွေ၊ အရသာမျိုးစုံတွေ ရှိတတ်တာမို့ သူတို့နဲ့ဖန်တီး၊ တွဲဖက်စားလို့ရတဲ့ စားစရာတွေကလည်း ပြောမကုန်အောင် ရှိတတ်ပါတယ်။ ဒါကြောင့် ဟင်းပွဲတွေရဲ့ အရသာကို တစ်ဆင့်တတ်ချင်တာဖြစ်ဖြစ်၊ ဝိုင်နီ၊ ဝိုင်ဖြူတို့နဲ့ တွဲဖက်စားဖို့ ချိစ်တွေ ရွေးချယ်ဝယ်ယူကြတဲ့အခါမှာ လိုက်ဖက်ညီတဲ့ ချိစ် ရွေးချယ်မှုမှန်စေဖို့ သိထားသင့်တဲ့ ချိစ်အမျိုးအစားလေးတွေကို ဒီဆောင်းပါးလေးကနေ ဝေမျှလိုက်ပါတယ်။

Soft Cheese

အရောင်နုပြီး နူးနူးညံ့ညံ့၊ ပျော့ပျော့ပျောင်းပျောင်းရှိတဲ့ Soft Cheese အမျိုးအစားတွေက Creamyဖြစ်ပြီး အရသာလည်း အပေါ့ပါးဆုံးပါပဲ။ အချဥ်ဖောက်တဲ့ သက်တမ်းလည်းနု၊ အချိန်သိပ်ကြာကြာမပေးရတဲ့ ဒီ Soft Cheeseတွေထဲမှာ Brie, Camembert, Ricotta စတဲ့ cheeseတွေပါဝင်ပြီး ပြင်သစ်နဲ့ အီတလီ ချိစ်အမျိုးအစားတွေ ဖြစ်ပါတယ်။

Semi-Soft Cheese

အပေါ်က ချိစ်အမျိုးအစားတွေထက် အနည်းငယ်ပိုမာတဲ့ ချိစ်တွေကတော့ ဥပမာပေးရရင် Gouda, Havarti နဲ့ Monterey Jack တို့လို ချိစ်အမျိုးအစားတွေပါ။ ဒီတိုင်းလည်း စားကြတဲ့အပြင် အချိုပွဲနဲ့ saladတွေမှာလည်း ထည့်သွင်းစားတတ်ကြပါသေးတယ်။

Hard Cheese

Soft Cheeseတွေထက်စာရင် အရသာဆိမ့်ဆိမ့်နဲ့ Texture မွမွရှိတဲ့ cheeseတွေဖြစ်ပြီးတော့ အချဥ်ဖောက် သိုလှောင်တဲ့အချိန်ကြာတဲ့အတွက် ချိစ်ပုံသ မာတောင့်တောင့်ရှိနေတတ်ပါတယ်။ လူကြိုက်များ၊ အစားများတဲ့ နာမည်ကြီး ချိစ်တွေဖြစ်တဲ့ Cheddar, Parmesanနဲ့ Manchego Cheese တို့က Hard Cheese အမျိုးအစားတွေပါပဲ။

Blue Cheese

အရသာစူးစူးရှရှနဲ့ အနံ့လည်းပြင်းတဲ့ Blue Cheeseတွေကတော့ Semi-soft cheese အမျိုးအစားတွေနဲ့ ပုံပန်းသ တူပါတယ်။ လူသိများတဲ့ နာမည်ကြီး Blue Cheese တွေထဲကဆိုရင် Gorgonzola, Roquefort, Stiltol စတဲ့ ချိစ်တွေကို  အဂ္လန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ ပြုလုပ်စားတတ်ကြပါတယ်။ 

Fresh Cheese

နောက်ဆုံးတစ်ခုကတော့ အစားများပြီး လူကြိုက်များကြတဲ့ Mozzarella, Feta နဲ့ Cottage ချိစ်တွေပါဝင်တဲ့ Fresh Cheeseတွေအကြောင်းပါ။ ဒီချိစ်အမျိုးအစားတွေက အချိန်ကြာကြာ အချဥ်ဖောက်ထားတာမျိုး မဟုတ်ဘဲ ချိစ်ဖြစ်ပြီဆိုတာနဲ့ လတ်လတ်ဆတ်ဆတ် ချက်ချင်းစားလို့ရတာမျိုးပါ။ အရသာပေါ့ပါးပြီး နူးနူးညံ့ညံ့လည်း ရှိလို့ ဟင်းပွဲတွေ အရသာပိုတက်အောင်နဲ့ Saladတွေမှာ ထည့်သွင်းစားတတ်ကြပါသေးတယ်။

ချိစ်အမျိုးအစားတစ်ခုချင်းစီက ကွဲပြားခြားနားတဲ့ အရသာနဲ့ ဒီတိုင်းဖြစ်ဖြစ်၊ တခြားတွဲဖက်စားတာဖြစ်ဖြစ် ခံတွင်းတွေ့စေတာချည်းပါပဲ။ နှစ်သက်ရာ အစားအသောက်တွေနဲ့ အတူစားဖို့ ချိစ်‌ရွေးချယ်ကြတဲ့အခါ အပေါ်မှာ ပြောပြခဲ့တဲ့ ချိစ်လေးတွေ သိထားတော့ ရွေးချယ်ရလွယ်ကူပြီပေါ့။


Share

Comments

Related Posts