မေမေတိုင်းကြိုက်မယ့် အာဟာရစာလေးများ

Posted in အစားအစာ


မိခင်တွေဆိုတာ မိသားစုကို အမြဲဂရုစိုက်ပေးနိုင်ဖို့အတွက် နေ့တိုင်း အလုပ်တွေ ဇယ်ဆက်သလို မနားမနေလုပ်ရတယ်ဆိုတာ အားလုံးသိပြီးသားအချက်တစ်ချက်ပါ။ ဒါကြောင့် ကိုယ့်အမေကို ချစ်တဲ့အကြောင်းလေးပြသရင်း ပြန်ပြီးဂရုစိုက်ပေးချင်တယ်ဆိုသူတွေအတွက် ပိတ်ရက်တွေမှာ အလွယ်တကူချက်ပြုတ်လို့ရပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဟင်းချက်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။ 

ကြက်ပေါင်းဟင်းချို

ကြက်ပေါင်းဟင်းချိုက စားကောင်းရုံတင်မဟုတ်ပဲ အာဟာရတွေနဲ့လည်း ပြည့်ဝတော့ ကိုယ့်အမေရဲ့ ကျန်းမာရေးကို အ‌ထောက်အကူပြုနိုင်မယ့် ဟင်းတစ်ခွက်ဆိုလည်း မမှားပါဘူး။ ကြက်တစ်ကောင်လုံးကို သေချာဆေးကြော ပြီးရင် ပေါင်းအိုးထဲထည့်လို့ဆန့်မယ့်  စွပ်ပြုတ်အိုးအကြီးကြီးတစ်လုံးထဲ ဒါမှမဟုတ် ဒယ်အိုးနက်နက်တစ်ခုထဲကို ထည့်လိုက်ပါ။ ရေ၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ်တို့ကို ထည့်ပါ။ ထည့်ပြီးရင် မီးပြင်းပြင်းမှာ ဆူအောင်တည်ပေးပါ။ ပြီးရင်တော့ မီးလျှော့ပြီး (၄၅) မိနစ် - (၆၀) မိနစ် လောက် ကြက်သားကို ပေါင်းထားလိုက်ပါ။

ကြက်သား ကျက်သွားပြီဆိုရင် အိုးထဲကနေ ဂရုတစိုက်နဲ့ ပြန်ထုတ်လိုက်ပြီး စဉ်းတီတုံးပေါ်မှာ တင်ကာ (၁၀) မိနစ် - (၁၅) မိနစ် လောက် အအေးခံလိုက်ပါ။ ကြက်ပြုတ်ရည်ကိုတော့ စကာနဲ့ စစ်ပြီး ကျန်တဲ့အဖတ်တွေကို ဖယ်လိုက်ပါ။ ပြီးရင် အဲ့ဒီပြုတ်ရည်ကို အိုးထဲပြန်ထည့်ပြီး  လှီးထားတဲ့ မုန်လာဥနီတွေနဲ့ တရုတ်နံနံတွေကိုထည့်ပြီး  မီးအေးအေးနဲ့(၁၀) မိနစ်ကနေ (၁၅) မိနစ်လောက် ဒါမှမဟုတ် အသီးအရွက်တွေ ကျက်သွားတဲ့ချိန်ထိ တည်ထားလို့လည်း ရပါတယ်။ ကြက်သားတွေကို မွှထားလိုက်ပြီး အိုးထဲက အသီးအရွက်တွေနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ (၂) မိနစ် (၃) မိနစ်လောက်ထပ်တည်ထားပါ။ နောက်ဆုံးမှာတော့  ဆား ငရုတ်ကောင်းလေးဖြူးပြီး စားလို့ရပါပြီ။

ကြက်ဥပူတင်း

ကြက်ဥပူတင်းကတော့ လူတိုင်းကြိုက်ကြတဲ့ အချိုပွဲလေးတစ်ခုဖြစ်ပြီးတော့ လွယ်လွယ်ကူကူပဲ လုပ်လို့ရပါတယ်။ လိုတာက ကြက်ဥ၊ နွားနို့၊ သကြား နဲ့ ဗင်နီလာအရသာရည် တွေပါပဲ။ ကြက်ဥတွေကို ပန်ကန်လုံးတစ်ခုထဲထည့်မွှေပြီး ကြက်ဥ၊ နွားနို့၊ သကြား နဲ့ ဗင်နီလာအရသာရည် တွေကို ထည့်လိုက်ပါ။ မွှေထားတာတွေကို တစ်ယောက်စာပုံစံခွက် ဒါမှမဟုတ် မုန့်ဖုတ်တဲ့ပန်းကန်ထဲကို ထည့်လိုက်ပြီး အပူချိန် (၁၇၀) ဒီဂရီနဲ့ (၃၀) မိနစ်ကနေ (၄၀) မိနစ်လောက်ထိ ရေထဲမှာ ပေါင်းထားလိုက်ပါ။ ပြီးသွားရင်တော့ အအေးခံပြီး လတ်ဆတ်တဲ့ဘယ်ရီသီးလေးတွေ ဒါမှမဟုတ် whipped cream နည်းနည်းနဲ့ တွဲစားနိုင်ပါတယ်။

အရောင်စုံလင် အာဟာရပြည့် နံနက်စာ 

အမေ့ရဲ့ပိတ်ရက်လေးကို ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ မနက်စာ ငှက်ပျောသီးစိတ်လေးတွေနဲ့ စတင်ခိုင်းလိုက်ပါ။ ငှက်ပျောသီးကို အလယ်ကနေ အနေတော် တစ်ဝက်လောက်လှီးပြီး ပန်းကန်လုံးထဲထည့်ပါ။ ဂရိဒိန်ချဉ်၊ လှီးထားတဲ့ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးလေးတွေနဲ့ အခွံမာသီးတို့နဲ့ တွဲဖက်သုံးဆောင်ဖို့ ပြင်ဆင်ပေးနိုင်ပါတယ်။

မေမေ့ကို သူလိုအပ်နေတဲ့ နားချိန်လေးတွေပေးပြီး ဒီဟင်းချက်နည်းလေးတွေကို စမ်းကြည့်လိုက်ပါဦးနော်။ချစ်ခြင်းမေတ္တာတွေနဲ့ အခုပဲ ချက်လိုက်ကြရအောင်။


Share

Comments

Related Posts