“ပြည်တွင်းဖြစ်ကို အားပေးပါ”ရယ်လို့ နေရာအတော်များများမှာ တွေ့ရလေ့ရှိပေမယ့် လက်တွေ့ဈေးဝယ်တဲ့ အခါမှာ ပြည် တွင်းဖြစ်ရယ် ဘာရယ် ခွဲခြားမနေဘဲ အဆင်ပြေရာ ဝယ်ကြတာများမယ် ထင်ပါတယ်။ ဒီစာသား နောက်ကွယ်မှာ ပြည်တွင်း ထွက်ကုန်တွေ ရောင်းကောင်းအောင်လို့လေ.. ဆိုတာထက် ပိုလေးနက်တဲ့ အကြောင်း ရင်းတွေ ရှိပါတယ်။ ဘာကြောင့် ပြည် တွင်းဖြစ်ကို အားပေးသင့်သလဲဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းရင်းတွေ ကို ဖတ်ကြည့်လိုက်ကြရအောင်။
(၁) ပြည်တွင်းစီးပွားရေးကို အထောက်အအကူပြုနိုင်ခြင်း
ပြည်တွင်းဖြစ်ပစ္စည်းတွေဆိုတာ ပြည်တွင်းကရတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုပဲ အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်လို့ ဒီပစ္စ ည်းဝယ်ယူရာမှာ အသုံးပြုလိုက်တဲ့ ငွေရဲ့ တစ်စိတ်တစ်ပိုင်းက ကုန်ကြမ်းဝယ်ဖို့ ပြန်လည်စီးဆင်းသွားပါတယ်။ ဒီလိုနည်း အားဖြင့်လည်း ပြည်တွင်းလုပ်ငန်း တစ်ခုနဲ့တစ်ခု အကျိုးပြု မှီခိုနေကြသလို ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖန်တီးပေးခြင်းအားဖြင့်လည်း ဒေသတွင်း၊ ပြည်တွင်း စီးပွားရေးကို ထောက်ပံ့ ပေးနေပါတယ်။
ဥပမာ - ကိုင်းဘော( သဘာဝတံမြက်စည်းပင်) နဲ့ ပြုလုပ်တဲ့ တံမြက်စည်းကို ဝယ်ယူလိုက်မယ်ဆိုရင် ကိုယ်အသုံးပြု လိုက် တဲ့ ငွေကြေးက ဒေသတွင်း တံမြက်စည်းလုပ်ငန်းရှင်တွေ၊ ဒီလုပ်ငန်းမှာ လုပ်ကိုင်ကြတဲ့ ဒေသခံတွေ၊ တံမြက်ကုန်ကြမ်းတွေ ရောင်းချတဲ့ အခြားတနိုင်တပိုင်လုပ်ငန်းတွေဆီကို တစိတ်တပိုင်း ပြန်ရောက်သွားခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးကို အထောက်အကူ ပြုနေပါတယ်။ ကိုယ့်တစ်ယောက်တည်းနဲ့တော့ ဘာမှမထူးဘူးလို့ ထင်ရပေမယ့် တစ်ခု၊ တစ်ယောက်က နေ ပဲ အများအပြား ဖြစ်လာတာပါ။
(၂) ဒေသတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်ခြင်း
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင် ဆိုသလိုပါပဲ ... ဒေသတွင်း လုပ်ငန်းတစ်ခု အဆင်ပြေလာခြင်း တွင်ကျယ်လာ ခြင်းဟာ လုပ်ငန်းနဲ့ အနီးပတ်ဝန်းကျင်ကလူတွေအတွက် လက်လှမ်းမှီတဲ့ အလုပ်အကိုင် ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာ ခြင်းပါ။ လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်း၊ လုပ်သားအင်အားတွေကနေ အနီးအပါးကလူတွေအတွက် ဝင်ငွေရနိုင်တဲ့အ ပြင် ဒီလုပ်ငန်းကိုမှီတည်ပြီး အခြားလုပ်ငန်းတွေပါ ဖြစ်ထွန်းလာတာကြောင့် ဒီဝန်းကျင်၊ ဒေသတစ်ခုလုံး အတူတူ တိုးတက် ပြီး အပြန်အလှန်မှီခိုကြတဲ့ ကောင်းမွန်တဲ့ ရပ်ဝန်းတစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
(၃) သဘာဝပတ်ဝန်းကျင်ကို တနည်းတဖုံ ထိန်းသိမ်းပေးနိုင်ခြင်း
များသောအားဖြင့် ဒေသတွင်း ကိုယ်ပိုင်လုပ်ငန်းတွေက တနိုင်တပိုင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေများပြီး စက်ရုံ အကြီးစားတွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုတွေလည်း မ များပါဘူး။ ပြည်တွင်းထုတ်ကုန်တွေက အခြားထုတ်ကုန်တွေလို သင်္ဘောတတန်၊ ကားတတန်နဲ့ သယ်ရတာတွေထက် သယ် ယူပို့ဆောင် မှု လမ်းကြောင်းတိုတာကြောင့် ကာဗွန်ထုတ်လုပ်မှုကို လျော့ချပေးပါတယ်။ ဒေသထွက် အစားအသောက်တွေ ကို အားပေးခြင်းအားဖြင့်လည်း ဒေသရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကို ပံ့ပိုး ပေးရာရောက်တာမို့ ပိုကောင်းမွန်တဲ့ စိုက်ပျိုးရေး နည်းစနစ်၊ မြေဆီလွှာထိန်းသိမ်းမှုနဲ့ စိမ်းစိုသာယာတဲ့ ဝန်းကျင်ကို ဖန်တီးပေးရာလည်း ရောက်ပါတယ်။ အခုဖော်ပြခဲ့တဲ့ အချက်တွေအပြင် ဒေသတွင်းလုပ်ငန်းတွေက ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ အခြားအချက်တွေ များစွာ ရှိဦးမှာပါ။
(၄) ဒေသတွင်း ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ပေါက်လာစေခြင်း
ကောင်းမွန်တဲ့ ထုတ်ကုန်အရည်အသွေးတွေပေါ်မှာ အခြေခံပြီး စားသုံးသူတွေရဲ့ အားပေးမှုကြောင့် ဒေသထုတ်ကုန်လုပ်ငန်း တွေ အောင်မြင်လာတဲ့အခါ ဒေသတွင်းမှာ အလားတူ တနိုင်တပိုင်/ ကိုယ်ပိုင် လုပ်ငန်းတွေ ပေါ်ထွက်လာဖို့ အခွင့်အလမ်း တွေ များလာပါတယ်။ ကိုယ့်တစ်ေဦးတည်း တိုးတက်နေတာမျိုးထက် ဒေသတစ်ခုလုံး အတူတူ တိုးတက်ာတာက ဒီဒေသရဲ့ စီးပွားရေးအခြေအနေဦ လူနေမှု အဆင့်အတန်းကို မြင့်မားလာစေပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ်ကုန်တွေကို ရွေးချယ်အားပေးခြင်းက ထုတ်ကုန်ထွက်ရှိရာ ဒေသကို ဒီလိုနည်းလမ်းတွေနဲ့ များစွာ အကျိုးပြုနေတာပဲ ဖြစ်ပါတယ်။
(၅) ဒေသထွက်ကုန်အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခြင်း
ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဒေသနာမည်ကို ပြောလိုက်ရင် ဒေသထွက်ကုန်လေးနဲ့ တွဲမှတ်မိနေတာ ဂုဏ်ယူစရာပါ။ ပြိုင်ဖက် ကင်းတဲ့ လက်မှုပစ္စည်းတွေ၊ ထုတ်ကုန်တွေ၊ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ရိုးရာအမွေအနှစ်ဆိုင်ရာ ကုန်ပစ္စည်းတွေ ကနေတဆင့် ဒေသရဲ့ တန်ဖိုး၊ နာမည်ဂုဏ် သတင်း က ကျော်ကြားလာတာြဖစ်ပါတယ်။ ဒီလို ဒေသတွင်းလုပ်ငန်းတွေ ကြာ ရှည်ရပ်တည်ပြီး အောင်မြင်လာဖို့ စားသုံးသူတွေက အခရာပါပဲ။
လွန်းရာကျော် ကြိုးကြီးချိတ် လို့ပြောလိုက်ရင် မန္တလေး၊ အမရပူရ၊ သဘာဝ ကြာချည်ထည်လို့ ပြောလိုက်ရင် အင်းလေး၊ ယွန်းပစ္စည်းတွေဆိုရင် ပုဂံ စသဖြင့် ဒေသနဲ့ကုန်ပစ္စည်း ယှဥ်တွဲပြီး နိုင်ငံနဲ့အဝှမ်းမှသည် နိုင်ငံတကာအထိ ဂုဏ်ယူစွာ ဖြန့်ချိ ရောင်းချနိုင်ဖို့ဆို ကိုယ်ကစပြီး ဒေသက ထုတ်ကုန်တွေကို အားပေးဖို့ လိုတာပေါ့။
ပြည်တွင်းထွက်ကုန်တွေကို အားပေး သုံးစွဲခြင်းက ဒေသနေထိုင်သူတွေကို အလုပ်အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ စီးပွား ရေးနဲ့ လူနေမှုဘဝတွေ တိုးတက်စေတာ၊ ဒေသရဲ့ အမှတ်တံဆိပ်မှသည် ယဥ်ကျေးမှုအမွေအနှစ်တွေကို ဖန်တီးနိုင်တာတွေ အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနေပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ်ကုန်တစ်ခုကို ဝယ်ယူလိုက်ခြင်းရဲ့ စွမ်းအားကို၊ အားအင်နဲ့ သက်ရောက်မှုကို လျော့မတွက်သင့်ပါဘူးနော်။ ပိုမိုကောင်းမွန်တဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်စွမ်း က သင့်လက်ထဲမှာပါ။ (အဆုံးသတ်ကို ပိုကွန့်ရန်၊
Comments