မိသားစုလိုက်ခရီးသွားရင်း သံယောဇဉ်တွေ ပိုမိုခိုင်မာအောင် လုပ်ကြမယ်

Posted in လူမှုဘဝ, ခရီးသွားခြင်း


မိသားစုနဲ့ခရီးထွက်တာမျိုးက စိတ်လှုပ်ရှားစရာကောင်းပြီး သွားရကျိုးနပ်တဲ့ အတွေ့အကြုံတစ်ခုဖြစ်စေမှာပါ။ တန်ဖိုးရှိတဲ့အချိန်တွေကို တူတူကုန်ဆုံးနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ရုံတင်မကဘဲ ကိုယ်မသိသေးတဲ့ ဓလေ့ထုံးတမ်းအသစ်တွေ၊ မစားဖူးသေးတဲ့ အစားအစာအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေကို ရှာဖွေနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခုလည်းဖြစ်တာမို့ မိသားစုနဲ့ ဘာလို့တူတူခရီးသွားသင့်တယ်ဆိုတဲ့ အချက်လေး (၃) ချက်ကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

တစ်သက်တာစွဲကျန်နေမယ့် အမှတ်တရတွေဖန်တီးနိုင်မယ်

မိသားစုလိုက်ခရီးသွားတာက ဘဝတစ်သက်တာ အမှတ်ရနေစေမယ့် အမှတ်တရတွေကို ဖန်တီးနိုင်မယ့် အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ အနီးအနားက မြို့တစ်ခုခုကို သွားလည်တာပဲဖြစ်ဖြစ်၊ နိုင်ငံတကာခရီးစဉ်သွားတာပဲဖြစ်ဖြစ် ခရီးသွားရင်း အရာရာကို အတူတူ တွေ့ကြုံခံစား ရတာမို့လို့ မိသားစုချင်း ပိုမိုနီးကပ်စေပြီး နောင်နှစ်ပေါင်းများစွာကြာတဲ့အထိ  ပြန်‌ပြောင်းအောက်မေ့ရင်း တသသဖြစ်စေမယ့် အမှတ်တရတွေကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ 

ဓလေ့ထုံးတမ်းအသစ်တွေကို တူတူ လေ့လာစူးစမ်းနိုင်မယ်

မိသားစုနဲ့ ခရီးတူတူထွက်တာမျိုးက ဘဝအကြောင်းနဲ့ ဓလေ့ထုံးတမ်းအသစ်တွေကို တူတူ လေ့လာစူးစမ်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ကလေးတွေကို မတူညီတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ထိတွေ့စေတာမျိုးက သူတို့ရဲ့ လောကကြီးအပေါ်နားလည်နိုင်စွမ်းတွေကို ကျယ်ပြန့်စေနိုင်မယ့်အပြင် အခြားသူတွေအပေါ် စာနာစိတ်မွေးမြူနိုင်ဖို့ရာအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ဒါ့အပြင် အစားအစာအသစ်တွေကို တူတူမြည်းစမ်းကြည့်နိုင်မယ့်၊ ဘာသာစကားအသစ်တွေကို‌ လေ့လာနိုင်မယ့်၊ မတူညီတဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံတမ်းတွေကို ခံစားနိုင်စေမယ့် အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါတယ်။

မိသားစုသံယောဇဉ်ကို ပိုမိုခိုင်မာစေနိုင်မယ်

မိသားစုလိုက် ခရီးသွားတာက မွန်းကြပ်တဲ့ နေ့စဉ်လူနေမှုဘဝမှာ ရဖို့ခက်ခဲတဲ့ အဖိုးတန်အချိန်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ အချိန်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။  နည်းပညာတွေ၊ အခြားသော စိတ်အနှောက်အယှက်တွေရဲ့ ဝေးရာမှာ တစ်ယောက်နဲ့တစ်ယောက်ပိုမို နီးစပ်စေနိုင်မယ့် အခွင့်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။  ကားနဲ့ခရီးသွားတာမျိုး၊ စခန်းချခရီးသွားတာမျိုးလို မိသားစုလိုက်ခရီးသွားတာမျိုးက အတွေ့အကြုံတွေမျှဝေ၊ စကားတွေဖောင်ဖွဲ့ရင်း သံယောဇဉ်တွေကို ပိုမိုခိုင်မာစေနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။

စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ခရီးပဲဖြစ်ဖြစ်၊ နိုင်ငံခြားခရီးစဉ်ပဲဖြစ်ဖြစ် မိသားစုလိုက်ခရီးသွားတာမျိုးက မိသားစုဝင်တွေအားလုံးအတွက်  စိတ်လှုပ်ရှားစရာကောင်းပြီး သွားရကျိုးနပ်တဲ့ အတွေ့အကြုံတစ်ခုဖြစ်စေမှာပါ။ ခရီးသွားတော့မယ်ဆိုရင် နီးစပ်ရာ အိုးရှင်းစူပါစင်တာတစ်ခုခုကို ဝင်ပြီး ခရီးစဉ်အတွက်လိုအပ်တာတွေနဲ့ မိသားစုဝင်တွေကြိုက်တဲ့မုန့်တွေ ဝယ်သွားဖို့လည်း မမေ့နဲ့ဦးနော်။


Share

Related Posts