အကုန်အကျနည်းနည်းနဲ့ ဘော်ဒါတွေနဲ့အတူ ဘောလုံးပွဲကြည့်ကြမယ်

Posted in လူမှုဘဝ, ဖျော်ဖြေရေး


သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် မိသားစုနဲ့အတူ ဘောလုံးပွဲကြည့်ရင်း စကားစမြည်ပြောရတာဟာ တကယ်ကို ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေပါပဲ။ အခုက ဘောလုံးပွဲရာသီဆိုတော့ ဒီပိတ်ရက်မှာ သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ဘောလုံးပွဲတူတူကြည့်ဖို့ စဉ်းစားနေတယ်ဆိုရင် ဘတ်ဂျတ်မထိခိုက်ဘဲ ဧည့်ခံနိင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

စျေးချိုတဲ့ သရေစာတွေ ဝယ်ထားပါ

ရုပ်ရှင်ပဲကြည့်ကြည့်၊ ဘောလုံးပွဲပဲကြည့်ကြည့် မုန့်တွေ၊ သရေစာတွေကတော့ မပါမဖြစ်ပါပဲ။ ဒါပေမဲ့ ဈေးကြီးတဲ့ မုန့်တွေ ဝယ်မယ့်အစား တန်ဖိုးသင့်တဲ့ အာလူးကြော်၊ ပေါက်ပေါက်ဆုပ်၊ နေကြာစေ့တွေလို ပေါ့ပေါ့ပါးပါးနဲ့အရသာလည်းရှိ စျေးလည်း သက်သာတဲ့ သရေစာတွေကိုပဲ ဝယ်ထားလိုက်ပါ။Potluck-style ပါတီမျိုးလုပ်ပါ

စားစရာသောက်စရာတွေကို ကိုယ်တစ်ယောက်တည်းဒိုင်ခံဝယ်မဲ့အစား အိမ်လာမဲ့ သူငယ်ချင်းတွေကို သူတို့ကြိုက်တဲ့  စားစရာတစ်မျိုး၊ နှစ်မျိုးလောက် ယူလာဖို့ပြောလိုက်ပါ။  ဒီနည်းလမ်းလေးက ကုန်ကျစရိတ်ကိုလျှော့ချနိုင်ရုံတင်မကဘဲ မတူတဲ့ အစားအသောက်တွေကိုလည်း မြည်းစမ်းလို့ရစေမှာပါ။အချိုရည် ကတ်လိုက်ဝယ်ထားပါ

အဖျော်ယမကာတွေ/ သောက်စရာတွေကို ပါကင်လိုက် တစ်ခါတည်း ဝယ်ထားမယ်ဆို တစ်ဘူးချင်းဝယ်တာထက် အကုန်အကျပိုသက်သာစေမှာပါ။ တစ်ယောက်တစ်မျိုးစီ ဝယ်မဲ့အစား အမျိုးအစားတစ်ခု၊ နှစ်ခု ကို ရွေးချယ်ပြီး(၆)ဘူးတစ်ကဒ်လာတဲ့ ပါကင် လိုက်ကိုဝယ်လိုက်ပါ။ လျှော့စျေးနဲ့ရနိင်တဲ့ ဘီယာတွေ၊ ဆိုဒါတွေနဲ့ အခြား အချိုရည်တွေကို ရှာပြီးဝယ်ယူဖို့ကိုလည်း အကြံပေးပါရစေ။

စိတ်ဝင်စားစရာ ဂိမ်းကစားနည်းလေးပါ ဖန်တီးလိုက်ပါ

ဘောလုံးပွဲကြည့်ရင်း သူငယ်ချင်းတွေနဲ့ အပျော်ဆော့နိုင်တဲ့ ဂိမ်းလေးတွေထည့်ရင်  ကြည့်နေတဲ့ပွဲကို ပိုအသက်ဝင်စေပြီး စိတ်ဝင်စားစရာကောင်းစေပါတယ်။ ဥပမာ ကိုယ်အားပေးတဲ့အသင်းရဲ့ ကစားသမားတစ်ဦး ဂိုးသွင်းတိုင်း အားလုံးသောက်ကြရမယ် ဆိုတဲ့ ဂိမ်းစည်းကမ်းထည့်တာမျိုးဆိုရင် ဘာကုန်ကျစရိတ်မှထပ်မလိုဘဲ ကြည့်နေတဲ့ပွဲကို ပိုပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစေမှာပါ။ 

ရိုးရိုးရှင်းရှင်းပဲပြင်ဆင်ပါ 

ဘောလုံးပွဲကြည့်ကြတဲ့အခါ အရေးကြီးဆုံးကတော့ ကိုယ်ချစ်တဲ့ မိတ်ဆွေသူငယ်ချင်း မိသားစုတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို အတူတူ ကုန်ဆုံးဖို့ပါပဲ။  အမှတ်ရစရာ အချိန်တွေကို အတူတူကုန်ဆုံးနိုင်ဖို့ အတွက် အလှဆင်စရာတွေ၊ ဆန်းပြားတဲ့ သရေစာတွေ ရှိနေဖို့ မလိုအပ်ပါဘူး။  ရိုးရိုးရှင်းရှင်းလေးနဲ့ အကုန်အကျလည်းမများဘဲ အားလုံးပျော်ပျော်ပါးပါး အတူကြည့်ကြဖို့ က အရေးအကြီးဆုံးပါပဲ။

အတိုခြုံးပြောရရင်တော့ သူငယ်ချင်းတွေနဲ့ စုပြီးဘောလုံးပွဲကြည့်ဖို့ ပြင်ဆင်တဲ့အခါ အားလုံးအတူတူပျော်နိုင်အောင်ဖို့ အိုင်ဒီယာကောင်းကောင်းလေးနဲ့ သေသေချာချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ အခုပြောပြထားတဲ့နည်းလေးတွေကို လက်တွေ့အသုံးချပြီးတော့  အကုန်အကျနည်းနည်းနဲ့  အပျော်ကြီးပျော်နိင်မယ့် ပွဲလေးကိုဖန်တီးနိုင်ပါတယ်။ ကဲ  ဘော်ဒါတွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စုပြီး ကိုယ်နှစ်သက်တဲ့အသင်းကို ပျော်ပျော်ပါးပါးအားပေးလိုက်ရအောင်။ 


Share

Comments

Related Posts