ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့

Posted in ကျန်းမာရေး



ဓမ္မတာလာချိန် (ရာသီလာချိန်)ဆိုတာ ပျိုပျိုမေတို့အတွက်တော့ လတစ်လလုံးရဲ့အဆိုးရွားဆုံးသော အချိန်တွေလို့ ပြောလို့ရမယ်ထင်ပါရဲ့။

အမျိုးသမီး၈ယောက်မှာ ၁ယောက်က သူတို့ရဲ့ ရာသီစက်ဝန်းအချိန်အတွင်းမှာ နာကျင်မှုမျိုးခံစားရကြပါတယ်။  မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာချိန် နာကျင်ကိုက်ခဲပုံခြင်း မတူပေမယ့် ရာသီလာချိန်နာကျင်ကိုက်ခဲတယ်ဆိုတာ မိန်းမကိုယ်ရဲ့ ကြွက်သားတွေနဲ့ သွေးလည်ပတ်မှုတို့ရဲ့ တင်းကြပ်မှုရာကနေ ဖြစ်ပေါ်လာတာပါ။ အဲ့လိုတင်းကျပ်မှုတွေကနေ မသက်သာတဲ့ခံစားမှုနဲ့ ဝမ်းဗိုက်အောက်ပိုင်းနဲ့အနောက်ဘက်တွေမှာ ဆိုးရွားတဲ့နာကျင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ပျိုမေတို့အနေနဲ့ အဲ့နာကျင်မှုတွေကနေ သက်သာစေဖို့ လွယ်ကူပြီး သဘာဝကုထုံးနည်းလေးတွေနဲ့ အများကြီးရှိပါတယ်။

နာကျင်ကိုက်ခဲမှုတွေကို  သက်သာစေနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကတော့ ရေနွေးအိတ်ကိုအသုံးပြုခြင်းပါပဲ။ ရေနွေးနွေးလေးကို ရေနွေးအိတ်ထဲကိုထည့်ပြီး ဝမ်းဗိုက်အောက်ပိုင်း နေရာမှာထားလိုက်ပြီးတော့ နာကျင်ကိုက်ခဲမှုကိုသက်သာစေနိုင်ပါတယ်။  ဝမ်းဗိုက်ကြွက်သားတွေကို သက်သာစေနိုင်မယ့် ရေနွေးနွေးကို ကိုယ်တိုင်လုပ်နိုင်ပါသေးတယ်။ အကယ်၍ အဲ့လိုတွေလုပ်ဖို့ အလုပ်များနေမယ်ဆိုရင်တော့ အကိုက်အခဲပျောက်ကပ်ခွာတွေကို သုံးလို့ရပါတယ်။

လူတော်တော်များများ ယုံကြည်ထားတဲ့အရာတစ်ခုဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါသေးတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက  endorphins ဆိုတဲ့ဟော်မုန်းကိုထုတ်ပေးပြီး အဆိုပါဟော်မုန်းက နာကျင်ကိုက်ခဲမှုတွေဖြစ်စေတဲ့အရာတွေကို တာဆီးပေးပါတယ်။ ရာသီလာနေတဲ့အချိန်မှာ ပုံမှန်တဲ့ပင်ပန်းနွမ်းနယ်တတ်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ကို အလွန်အမင်းပင်ပန်းနွမ်းနယ်စေတဲ့ လေ့ကျင့်ခန်းမျိုးမဟုတ််တဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။ 

နာကျင်ကိုက်ခဲမှုတွေကို ကြိုတင်ကာကွယ်ခြင်းကလည်း အရေးကြီးတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။ သင့်ရဲ့က ကျန်းမာသန်းစွမ်းမယ်ဆိုရင်လည်း ရာသီလာချိန်နာကျင်ကိုက်ခဲမှုတွေ ကိုသက်သာစေနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့  ဗီတာမင်B1, သံဓာတ် နဲ့ မဂ္ဂနီဆီယမ် တို့လိုဖြည့်စွက်စာတွေကို သောက်သုံးခြင်းနဲ့ ကျန်းမာရေးနဲ့ညီမျှတဲ့ ကိုယ်အလေးချိန်ကို ထိန်သိမ်းခြင်းကလည်း ရာသီစက်ဝန်းအချိန်အတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ချပေးပါတယ်။ ဒီလို ကျန်းမာရေအထောက်အကူဖြစ်တဲ့ ဗီတာမင်နဲ့သံဓာတ်တွေကို အခွံမာသီး၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီ၊ တို့ဖူး၊ ထောပတ်သီး နဲ့ လိမ္မော်သီးတို့ဆီကနေရရှိနိင်ပါတယ်။

နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ ခန္ဓါကိုယ်ကိုယ်ရဲ့အခြေအနေကို သိထားဖို့ပါပဲ။ ကိုယ့်ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို ခံစားရတယ်ဆိုတော့ ယာယီသက်သာစေနိုင်တဲ့ အကိုက်အခဲပျောက်ဆေးကိုအသုံးပြုလို့ရပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို ရာသီလာတိုင်း ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာတွေခံစားနေရပြီဆိုရင်တော့ သူ့ရဲ့အရင်းအမြစ်ကိုသိဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကျန်းမာရေးနဲ့ညီမျှတဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းပြီး မှန်ကန်တဲ့ကုသနည်းတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ရာသီစက်ဝန်းအတောအတွင်းမှာ အများကြီးသက်သာစေနိုင်မှာ ဖြစ်ပါတယ်။ရာသီရပ်ဝန်းအတွင်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်မယ့်   မှန်ကန်တဲ့ဆေးဝါးကိုရှာဖွေနေတယ်ဆိုရင်တော့ နီးစပ်ရာ City Care ဆိုင်ခွဲတွေဆီသွားပြီး ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ 


Share

Comments

Related Posts