နွားနို့နဲ့ကြက်ဥ သုံးပြီး ထူးထူးခြားခြား ဘယ်လိုလုပ်စားကြမလဲ

Posted in အစားအစာ


အရသာရှိတဲ့ အစားအစာမျိုးစုံ ချက်ပြုတ်ဖန်တီးနိုင်ဖို့ သဘာဝတရားက လူသားတွေကို အခြေခံစား စားသောက် ကုန်တွေ အများကြီးဖန်တီးပေးထားပါတယ်။ ဒီလို သဘာဝရဲ့လက်ဆောင်များစွာထဲမှ ကြက်ဥနဲ့ နွားနို့ က ဟင်းပွဲ မျိုးစုံကို ဖန်တီးနိုင်တဲ့ အဓိက ပါဝင်ပစ္စည်းတွေလို့ ပြောလို့ရပါတယ်။ နို့နဲ့ကြက်ဥအတွဲအစပ်ဟာ ကမ္ဘာတစ်လွှား ဟင်းပွဲအမျိုးမျိုးကို ဖန်တီးတဲ့ နေရာမှာ အလွန်အသုံးဝင်ပြီး သူ့ရဲ့ အာဟာရပြည့်ဝမှု၊ အရသာရှိမှု တွေကြောင့် လူမျိုးမရွေး၊ ဒေသမရွေး ကြိုက်နှစ်သက်တာပေါ့။ ဒီနေ့တော့ ဟင်းပွဲတိုင်းမှာ ပုံစံမျိုးစုံနဲ့ ထည့်သွင်း ချက်ပြုတ် နိုင်တဲ့ ဒီပါဝင်ပစ္စည်းနှစ်ခုကို အသုံးပြုပြီး ဘယ်လိုဟင်းပွဲတွေ ဖန်တီးလို့ရမလဲဆိုတာ ပြောပြသွားပါမယ်။

စွယ်စုံသုံးကြက်ဥ

ကြက်ဥတွေဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ ပရိုတင်းနဲ့ သတ္တုဓာတ်မျိုးစုံပါဝင်ပြီး အာဟာရ  ကြွယ်ဝတဲ့ စားစရာတစ်မျိုးဆိုတာ ရှေးကတည်းက သိခဲ့ကြပြီးဖြစ်ပါတယ်။ အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ကြက်ဥတွေ ရှိနေရခြင်းရဲ့ အဓိကအချက်က ကြက်ဥတွေကနေ စားစရာမျိုးစုံဖန်တီး နိုင်လို့ပါပဲ။ ကြက်ဥတွေကို မုန့်ဖုတ်တဲ့နေရာမှာ ဂျုံထဲထည့်နယ်ဖို့၊ ဂျုံနဲ့ပြုလုပ်တဲ့မုန့်တွေမှာ ပွပွရွရွလေးဖြစ်စေဖို့သုံးနိုင်တဲ့ အပြင် သူ့ချည်းပဲ လည်း အရသာရှိအောင် ဖန်တီးနိုင်ပါသေးတယ်။ ကြက်ဥတွေက ဟင်းပွဲတွေကို ပိုကောင်းမွန် ပြီး လျှာလည်သွား စေတဲ့ ဟင်းလျာတွေဖြစ်အောင် အားဖြည့်ပေးနိုင်တယ်လို့ပြောရင်လည်း မမှားပါဘူး။

(က) မုန့်ဖုတ်တဲ့နေရာမှာ အဓိကပါဝင်ပစ္စည်းဖြစ်တယ်

မုန့်ဖုတ်တဲ့အခါ ပုံစံကောင်းကောင်းထွက်အောင်၊ အစိုဓာတ်ကောင်းကောင်းရအောင်၊ ဂျုံသားဆွဲရတာကောင်း အောင် ကြက်ဥက အဓိက ပါဝင်ပစ္စည်းတစ်ခုပါ။ ကြက်ဥတွေကို ထည့်သုံးခြင်းအားဖြင့် ပေါ့ပေါ့ပါးပါးနဲ့ မုန့်သား ရွရွ ကိတ်မုန့်တွေကနေ နူးညံ့တဲ့ ပေါင်မုန့်တွေအထိ ကိုယ့်စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။ 

(ခ) ဟင်းပွဲမျိုးစုံလည်း ဖန်တီးလို့ရတယ်

ကြက်ဥကို မုန့်ဖုတ်တဲ့နေရာမှာ သုံးတာအပြင် ဟင်းတွေထဲလည်း ထည့်ချက်လို့ရတယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်မှာပါ။ ကြက်ဥပြုတ်၊ ကြက်ဥကြော်၊ မွှေကြော်၊ ကာကျက် စတဲ့ ကြက်ဥဟင်းလျာမျိုးစုံ ကို မနက်စာ၊ နေ့လယ်စာနဲ့ လွယ်ကူမြန်ဆန်တဲ့ ညစာ အစရှိသဖြင့် အချိန်မရွေး စားသုံးနိုင်ပါတယ်။ ကြက်ဥတွေကို အသား မွှေကြော်၊ အသားလုံးကြော်၊ veggie patties တွေမှာ ထည့်ချက်ခြင်းအားဖြင့် ဟင်းလျာတွေကို ပိုပြီး အရသာ ရှိစေပါသေးတယ်။

(ဂ) ပုံစံပြောင်းပြီး မျိုးစုံအသုံးပြုနိုင်တယ်

ကြက်ဥတွေက နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ထည့်သွင်းအသုံးပြုနိုင်ကြောင့် ကြက်ဥပါပေမယ့် ပါမှန်းမသိတဲ့ အစားအစာတွေ၊ ဟင်းပွဲတွေ အများကြီး ရှိပါတယ်။ နို့ကြက်ဥပူတင်းတွေ၊ crème brûlée လို ခရင်မ် နဲ့ ပြုလုပ်ရတဲ့ အချိုပွဲတွေ ကနေ hollandaise ဆော့စ်တွေအထိ ကြက်ဥရဲ့ အသုံးဝင်ပုံကတော့ ပြောမကုန်ပါပဲ။  ကြက်ဥမှာ အကာနဲ့ အနှစ်ရဲ့ အသုံးဝင်ပုံကို ထပ်ခွဲရရင် အကာက meringues နဲ့ mousses ပြုလုပ်ဖို့ အခြေခံ ပါဝင်ပစ္စည်းဖြစ်ပြီး ကြက်ဥအနှစ်ကိုတော့ ရေခဲမုန့်တွေ၊ ကြက်ဥပူတင်းတွေ လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။

အရသာရှိတဲ့ နို့ထွက်ပစ္စည်းများ

နွားနို့ကို ကယ်လ်ဆီယမ်၊ ဗီတာမင်နဲ့ မရှိမဖြစ် အာဟာရဓာတ်တွေကို ထောက်ပံ့ပေးတဲ့ အဓိက အစားအစာ အဖြစ် ရာစုနှစ်ပေါင်းများစွာ စားသုံးလာခဲ့ကြတာပါ။ ဒီမငြင်းနိုင်တဲ့ အာဟာရတန်ဖိုးတွေအပြင် နွားနို့ဟာ ဟင်း ချက်ရာ၊ မုန့်ဖုတ်ရာမှာ သင်ထင်ထားတာထက်ပိုပြီး မယုံနိုင်လောက်အောင် အသုံးဝင်ပါသေးတယ်။

(က) ခရင်မ်လုပ်ဖို့ အခြေခံပစ္စည်း

ဆောစ့်အမျိုးမျိုး၊ စွတ်ပြုတ်မျိုးစုံနဲ့ အခြား creamy dishes တွေအတွက် နွားနို့ဟာ အခြေခံပစ္စည်းပါ။ béchamel sauce ကနေ macaroni နဲ့ ချိစ်တွေအထိ နွားနို့ကို ထည့်သွင်းအသုံးပြုလိုက်ခြင်းအားဖြင့် စားလိုက် ရင် လျှာဖျားမှာ ပျော်ဝင်သွားစေမယ့် နူးညံ့တဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ ပန်းချီ သဘောတရားနဲ့ ယှဥ်ပြောရရင် နွားနို့ဟာ ကင်းဗတ်စအလွတ်လိုပါပဲ။ သူနဲ့ပေါင်းစပ်လိုက်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရသာကို အချိုပွဲတွေမှာရော ဟင်းပွဲ တွေမှာပါ ပိုပြီးထင်ရှားလာစေတာပါ။

(ခ) မုန့်ဖုတ်ဖို့အတွက်လည်း မရှိမဖြစ်

ကြက်ဥတွေလိုပဲ နွားနို့ကလည်း မုန့်ဖုတ်တဲ့နေရာမှာ မပါမဖြစ်ပါ။ နွားနို့ဟာ အဆီအနှစ်ပြည့်ဝတဲ့ အရည်ဖြစ်လို့ အစိုဓာတ်အပြည့်ပေးနိုင်ပြီး ဂျုံနယ်တဲ့ နေရာမှာ သမအောင် အကူအညီပေးပါတယ်။ ဒါကြောင့် နို့ပါဝင်တဲ့ ကိတ် မုန့်တွေ၊ ကွက်ကီးနဲ့ ပေါင်မုန့်တွေက နူးညံ့ပျော့ပြောင်းပြီး စိမ့်စိမ့်လေးနဲ့ စားလို့ပိုကောင်းတာပေါ့။ နွားနို့ဟာ အရသာရှိတဲ့ ကြက်ဥနို့ပေါင်း၊ ပူတင်းနဲ့ ခရင်မ်တွေပြုလုပ်ဖို့လည်း အဓိက ပါဝင်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။

(ဂ) သဘာဝကပေးတဲ့ သောက်စရာ

ဟင်းပွဲတွေမှာ ပါဝင်ပစ္စည်းအဖြစ်အရေးပါတဲ့ နွားနို့က သူ့ချည်းပဲဆိုရင်လည်း ပြည့်စုံကောင်းမွန်တဲ့ သောက်စရာ တစ်ခုပါ။ နွားနို့ဟာ နို့အေးတစ်ခွက်ကနေ၊ ကိုကိုး နွေးနွေးလေးတစ်ခွက် ဒါမှမဟုတ် spiced chai တစ်ခွက် အဖြစ် နေ့စဥ်ဘဝမှာ ပါဝင်နေပါတယ်။ ထပ်ပေါင်းပြောရရင် နွားနို့ဟာ ဒိန်ချဥ်၊ ချိစ်၊ ထောပတ်တို့လို နို့ထွက် ပစ္စည်းတွေပြုလုပ်ဖို့ အခြေခံဖြစ်ပြီး အခြားနေရာများစွာများလည်း အသုံးဝင်ပါသေးတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် ကြက်ဥနဲ့ နွားနို့ဆိုတဲ့ စွယ်စုံရ သဘာဝရဲ့ လက်ဆောင်တွေကို ချက်ပြုတ်တဲ့နေရာမှာ ပုံစံမျိုးစုံပြောင်းလဲအသုံးပြုနိုင်၊ ပါဝင်ပစ္စည်းမျိုးစုံနဲ့လည်း တွဲစပ်ချက်ပြုတ်နိုင်လို့ အစားအစာလောကမှာတော့ မင်းသားကြီးနှစ်ပါးပါပဲ။ မုတ်ဖုတ်တဲ့နေရာမှာသုံးရင်လည်း ပိုပြီးကောင်းမွန်အောင်လုပ်ဆောင်နိုင်တယ်၊ သူ့ချည်း  ပဲလည်း မျိုးစုံချက်စားလို့ရတယ်၊ ဟင်းပွဲအမျိုးမျိုးထဲ ထည့်ချက်လိုက်မယ်ဆိုရင်လည်း ပိုပြီး အရသာရှိစေ တယ် စတဲ့ အသုံးဝင်ပုံအမျိုးမျိုးကြောင့် နွားနို့နဲ့ကြက်ဥဟာ အိမ်ရှင်မတိုင်းရဲ့ လက်စွဲဖြစ်နေတာပေါ့။ သူတို့ရဲ့ ဒီလိုအသုံးဝင်မှုမျိုးစုံက သဘာဝကပေးတဲ့ လက်ဆောင်တွေနဲ့ လူတွေရဲ့ တီထွင်ဖန်တီးနိုင်မှုတွေပေါင်းစပ်ပြီး ဆန်းသစ်တဲ့ အရာများစွာကို ပြုလုပ်နိုင်တယ်ဆိုတာရဲ့ လက်တွေ့ပြယုဂ်ပါပဲ။ ဒါကြောင့် အကောင်းဆုံးတွေကို ဖန်တီးချက်ပြုတ်တော့မယ်ဆိုရင် ထူးထူးခြားခြားအသုံးဝင်တဲ့ နွားနို့နဲ့ ကြက်ဥတို့လို သဘာဝထွက်ကုန်တွေကို ထည့်သွင်းအသုံးပြုဖို့ မမေ့နဲ့နော်။


Share

Comments

Related Posts