နူးညံ့ပြီးအရသာရှိတဲ့ အိမ်လုပ် အိုဗာတင်းကိတ်

Posted in အနောက်တိုင်းအစားအစာ

Desserts တွေကို အိမ်မှာ လုပ်စားရတာက သန့်ရှင်းလတ်ဆတ်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်တာကြောင့် ပိုပြီး စိတ်ကျေနပ်တာပေါ့။ အိမ်မှာ Ovaltine ထုပ်လေးတွေရယ်၊ တခြားပါဝင်ပစ္စည်းအနည်းငယ်ရှိရုံနဲ့ အလွယ် တကူလုပ်စားနိုင်တဲ့ အိုဗာတင်းကိတ်လုပ်နည်းလေးကို ကိတ်ချစ်သူတို့အတွက် ဖော်ပြလိုက်ပါတယ်။ ဗီဒီယိုလေးကိုကြည့်ပြီး နူးညံ့တဲ့ ကိတ်သားနဲ့ ချိုမြတဲ့ အသီးလေးတွေပေါင်းစပ်ထားတဲ့ အိုဗာတင်းကိတ်ကို အိမ်မှာကိုယ်တိုင် လုပ်စားနိုင်ပြီပေါ့ ။

ပါဝင်ပစ္စည်းများ

  • အိုဗာတင်း
  • သကြား
  • ဂျုံမှုန့်
  • မုန့်ဖုတ်ဆိုဒါ
  • ကြက်ဥ
  • သလဲသီး 
  • စပျစ်သီး

Share

Comments