လွယ်ကူလျှင်မြန်တဲ့ မနက်စာ ဖီတာ့တာ

Posted in အနောက်တိုင်းအစားအစာ

‌တစ်နေ့တာကို ခွန်အားအပြည့်နဲ့စတင်နိုင်ဖို့ဆိုရင် မနက်စာကောင်းကောင်းက အရေးအကြီးဆုံးပါပဲ။ စားနေကျမနက်စာတွေ စားရတာ ရိုးလာပြီဆိုရင် ဒီ အီတလီမနက်စာ ဖီတာ့တာ(Frittata) လေးကို လုပ်စားကြည့်ပါလား။ အီတလီရိုးရာ ဖီတာ့တာက လုပ်ရတာလည်းမခက်ဘဲ အာဟာရပြည့်ဝ၊ အရသာရှိလို့ အကြိုက်တွေ့မှာပါ။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက ...

  • ငရုတ်ကောင်း
  • သံလွင်ဆီ
  • နွားနို့
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ
  • မှို
  • ကြက်ဥ
  • ဝက်သား
  • ဟင်းနုနွယ်
  • ချယ်ရီခရမ်းချဥ်သီး
  • စမုန်စပါး 
  • parmesan cheese
  • mozzarella cheese

ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်ကြည့်လိုက်ကြရအောင် ...

  • အရင်ဆုံး Oven ကို အပူပေးထားပါ။
  • အသီးအရွက်တွေနဲ့ ဝက်သားကို အရွယ်အစားညီညီ လှီးထားပါ။
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥနဲ့ နွားနို့ကို သမအောင် မွှေလိုက်ပါ။
  • ဆီအနည်းငယ်ကို အပူပေးပြီး ဝက်သားကို ကြော်ပါ။ လှီးထားတဲ့ အသီးအရွက်တွေကိုလည်း ထည့်ကြော်ပါ။ အနံ့မွှေးလာအောင် ကြက်သွန်ဖြူ၊ ဆားနဲ့ ငရုတ်ကောင်း ထည့်ရပါမယ်။
  • ကျက်သွားပြီဆိုရင် စောနကမွှေထားတဲ့ ကြက်ဥနဲ့ နို့ထဲကို ထည့်၊ parmesan cheese နဲ့ mozzarella cheese တွေကိုပါ ထည့် သမအောင်မွှေပြီး Oven ထဲ မိနစ် (၂၀) ထည့်ဖုတ်ပေးပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မနက်စာ ဖီတာ့တာလေးကို စားသုံးနိုင်ပါပြီ။



Share

Comments

Khin Yadanar Saw

အိမ်ရှင်မတစ်​ယောက်အတွက် အရသာရှိတဲ့အစားအစာ​လေး​တွေကိုပိုပြီး​ချက်တက်ဖို့ ဗဟုသုတများစွာရရှိတဲ့အတွက် အရမ်း​ကောင်းမွန်တဲ့ အစီအစဥ်​လေးပါရှင်💗💗💗

ဂျစ်တူး

အရမ်းကို လွယ်ကူရိုးရှင်းပီး အရသာရှိမယ့် မနက်စာပဲ အိမ်က သားအတွက် လုပ်ပေးရမယ် အခုလို ဖတ်ရှူ့လို့ရမယ့်အစီစဥ်တွေအတွက် အရမ်းကောင်းတယ် ကျေးဇူးပါဗျ

Ei Myint Mo

သားလေး မနက်စာလုပ်ကျွေးဖို့ စဉ်းစားနေရတာ ခုတော့စဉ်းစားစရာမလို လုပ်စရာအမယ်လေးတိုးလာပြီ သားလေးကိုလုပ်ကျွေးကြည့်ရမယ် ကျေးဇူးပါ good life ရေ