တစ်နေ့တာကို ခွန်အားအပြည့်နဲ့စတင်နိုင်ဖို့ဆိုရင် မနက်စာကောင်းကောင်းက အရေးအကြီးဆုံးပါပဲ။ စားနေကျမနက်စာတွေ စားရတာ ရိုးလာပြီဆိုရင် ဒီ အီတလီမနက်စာ ဖီတာ့တာ(Frittata) လေးကို လုပ်စားကြည့်ပါလား။ အီတလီရိုးရာ ဖီတာ့တာက လုပ်ရတာလည်းမခက်ဘဲ အာဟာရပြည့်ဝ၊ အရသာရှိလို့ အကြိုက်တွေ့မှာပါ။
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက ...
- ငရုတ်ကောင်း
- သံလွင်ဆီ
- နွားနို့
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ
- မှို
- ကြက်ဥ
- ဝက်သား
- ဟင်းနုနွယ်
- ချယ်ရီခရမ်းချဥ်သီး
- စမုန်စပါး
- parmesan cheese
- mozzarella cheese
ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်ကြည့်လိုက်ကြရအောင် ...
- အရင်ဆုံး Oven ကို အပူပေးထားပါ။
- အသီးအရွက်တွေနဲ့ ဝက်သားကို အရွယ်အစားညီညီ လှီးထားပါ။
- ဇလုံတစ်လုံးထဲမှာ ကြက်ဥနဲ့ နွားနို့ကို သမအောင် မွှေလိုက်ပါ။
- ဆီအနည်းငယ်ကို အပူပေးပြီး ဝက်သားကို ကြော်ပါ။ လှီးထားတဲ့ အသီးအရွက်တွေကိုလည်း ထည့်ကြော်ပါ။ အနံ့မွှေးလာအောင် ကြက်သွန်ဖြူ၊ ဆားနဲ့ ငရုတ်ကောင်း ထည့်ရပါမယ်။
- ကျက်သွားပြီဆိုရင် စောနကမွှေထားတဲ့ ကြက်ဥနဲ့ နို့ထဲကို ထည့်၊ parmesan cheese နဲ့ mozzarella cheese တွေကိုပါ ထည့် သမအောင်မွှေပြီး Oven ထဲ မိနစ် (၂၀) ထည့်ဖုတ်ပေးပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ မနက်စာ ဖီတာ့တာလေးကို စားသုံးနိုင်ပါပြီ။
zue zue