ကွေ့တီယိုလို့ ပြောလိုက်တာနဲ့ သူ့ရဲ့ ထိမိတဲ့ ချဥ်ငံစပ်အရသာကို တွေးမိပြီး သွားရည်ကျနေကြပြီလား။ ဒီနေ့အတွက်တော့ အိမ်ကို ကိုယ်တိုင်လုပ်စားနိုင်ဖို့ ထိုင်းအရသာစစ်စစ် ကွေ့တီယိုလုပ်နည်းလေးကို ရွေးချယ် ဖော်ပြထားပါတယ်။ ပြုလုပ်ရလွယ်ကူတာကြောင့် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပိတ်ရက် မုန့်လုပ်စားတဲ့အခါ ကွေ့တီယိုလုပ်ပြီး လက်စွမ်းပြနိုင်ပြီပေါ့။
ပါဝင်ပစ္စည်းများ
- ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ငရုတ်သီးမှုန့်၊ သကြား၊
- ကွေ့တီယိုအဖတ်၊ အသားလုံး၊ ကြက်သား၊ ကြက်ရိုး၊ ဝက်သား
- ပဲပင်ပေါက်၊ မုန်လာဥဖြူ၊ ကန်စွန်းရွက်
ပြုလုပ်နည်းလေးကတော့
- အရင်ဆုံး ကွေ့တီယိုဖတ်ကို ရေစိမ်ထားပါ။
- ကန်စွန်းရွက်နဲ့ မုန်လာဥဖြူကို လှီးဖြတ်ထားပါ။
- ကြက်ရိုး၊ ဝက်သား၊ ကြက်သားတို့ကို ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ သစ်ကျပိုးခေါက်တို့ထည့်၍ ရေမြုပ်အောင်ထည့်ပြုတ်ပါ။ ဟင်းရည်အိုး ပွတ်လာပြီဆိုရင် အပေါ်ယံက အမြုပ်လေးတွေကို ဖယ်ပေ ရပါမယ်။
- ပွတ်နေတဲ့ ဟင်းရည်အိုးထဲကို လှီးထားတဲ့ မုန်လာဥဖြူလေးတွေ ထည့်ပေးပါ။
- ခရုဆီ၊ ပဲငံပြာရည်အကြည်၊ အနောက်၊ အရသာမှုန့်၊ ဆား၊ ထန်းလျက်မှုန့်တို့ကို ထည့်ပါ။ ငရုတ်ကောင်း မှုန့်အနည်းငယ်ကိုလည်း ထည့်ပါ။ ကြက်သားလုံးတွေကိုလည်း ထည့်ပေးလိုက်ပါ။
- ပြီးရင် အိုးကို အဖုံးအုပ်ပြီး မိနစ် (၃၀) ကြာတည်ထားလိုက်ပါ။ မိနစ် (၃၀) ကြာပြီးရင်တော့ အသားတွေ၊ အသားလုံးတွေကို ဆယ်ထားပါ။
- ကွေ့တီယိုနဲ့ တွဲစားဖို့ ကြက်သွန်ဖြူဆီချက်နဲ့ ငရုတ်သီးဆီချက်ကို မီးအေးအေးနဲ့ ချက်ပါ။
- ရေစိမ်ထားတဲ့ ကွေ့တီယိုအဖတ်နဲ့ အရွက်တွေကို (၂) မိနစ်ခန့် ပြုတ်ပေးပါ။
- ဒါဆိုရင်တော့ ကွေ့တီယိုအတွက် ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပါပြီ။ ကွေ့တီယို အရည်ရော၊ အသုပ်ပါ စိတ်ကြိုက် ပြင်ဆင်စားသုံးလို့ ရပါပြီ။
လွယ်ကူတဲ့ နည်းလမ်းတွေကိုသုံးပြီး အရသာရှိတဲ့ ထိုင်းကွေ့တီယိုကို အရည်ရော၊ အသုပ်ပါ ကိုယ်တိုင်လက်စွမ်းပြနိုင်ပြီပေါ့။ ပိတ်ရက် အိမ်မှာ အတူတူလုပ်စားကြည့်ရအောင်...
Anonymous
Nora Nora
Aye Sandar