လွယ်ကူမြန်ဆန်တဲ့ အိမ်လုပ်ဝက်သားကိတ်

Posted in အာရှအစားအစာ

ကလေးတို့အတွက် တစ်နေ့တစ်မျိုးမရိုးရတဲ့ Lunch Box လေးပြင်ဆင် ရအောင်… 

ဒီနေ့အတွက် Lunch Box Menu ကတော့ ဝက်သားကိတ်ဖြစ်ပါတယ်။ ဝက်သားကိုနုတ်နုတ်စင်းပြီး အခြား ပါဝင်ပစ္စည်းတွေ၊ ဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ရောစပ်ကြော်လှော်လိုက်ရင် အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ဝက်သား ကိတ်လေးကို ဖန်တီးနိုင်ပြီပေါ့။ နာမည်နဲ့တင် စားချင်စရာကောင်းနေတဲ့ ဝက်သား ကိတ်လေးက အနံ့အရသာနဲ့ပါ ပြည့်စုံတာကြောင့် ဘေဘီလေးတို့အကြိုက်ဖြစ်နေ တာပေါ့။ ပြုလုပ်နည်းအဆင့်ဆင့်ကို ဗီဒီယိုလေးမှာကြည့်ပြီး ကလေးတို့အတွက် အခုပဲ Lunch Box လေးပြင်ဆင်လိုက်တော့နော်။ 

ပါဝင်ပစ္စည်းများ 

  • ဝက်သား
  • တန်ပူရာမှုန့် 
  • ကြက်သားမှုန့်
  • ဆန်လှော်မှုန့်
  • သကြား
  • ငံပြာရည်
  • ရှမ်းနံနံ



Share

Comments