ချဥ်စပ်ချဥ်စပ် တုံယမ်းဟင်းရည်

Posted in ထိုင်းအစားအစာ


ဟင်းရည်တွေထဲမှာ ချဥ်ချဥ်စပ်စပ်နဲ့ ထမင်းနဲ့တွဲစားလည်းမြိန်၊ အမြည်းအနေနဲ့လည်းစားလို့ကောင်းလို့ လူတိုင်းရဲ့ အသဲစွဲဖြစ်နေတာကတော့ တုံယမ်းဟင်းရည်ပါပဲ။ ဘယ်နေရာရောက်ရောက် တုန်ယမ်းဟင်းရည်ကို မှာစားလိုက် ရ မှဆိုတဲ့ သူတွေအတွက် ကိုယ့်စိတ်ကြိုက်အရသာကို ကိုယ်တိုင်ချက်စားနိုင်ဖို့ အကောင်းဆုံး တုန်ယမ်း ဟင်း ရည် တစ်ခွက် ဘယ်လိုဖန်တီးရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ..

  • တုန်ယမ်းခဲ၊ ငါးသေတ္တာ၊ အုန်းနို့၊ ငံပြာရည်
  • ရှောက်ရွက်၊ ပဒဲကော၊ ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီးစိမ်း
  • ပြောင်းဖူးအသေး၊ ပန်း‌ဂေါ်ဖီ၊ မှို၊ ပဲပြား၊ ခရမ်းချဥ်သီး

တုန်ယမ်းဟင်းရည်ချက်နည်းလေးကတော့-

  • အရင်ဆုံး ပဒဲကော၊ ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီးစိမ်းတို့ကို အနေတော် လှီးဖြတ်ထားပါ။
  • အိုးထဲမှာ ရေထည့်ပြီး အပေါ်က လှီးဖြတ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို ဆူအောင်တည်ပေးပါ။ ရေဆူလာ လျှင် တုန်ယမ်းခဲထည့်ပြီး အရသာနှံ့အောင် မွှေပေးပါ။
  • အနေတော်လှီးဖြတ်ထားတဲ့ ပြောင်းဖူးအသေး၊ ပန်း‌ဂေါ်ဖီ၊ မှို၊ ပဲပြား၊ ခရမ်းချဥ်သီးတို့ကို ထည့်ပြီး အသီးအရွက်နူးအောင် ခဏတည်ထားပါ။
  • ဟင်းရည်ဆူလာလျှင် ငံပြာရည်အနည်းငယ်နှင့် အုန်းနို့ကို ထည့်ပြီး မွှေပေးပါ။
  • တုန်ယမ်းဟင်းရည်ထဲကို ငါးသေတ္တာတစ်ဘူး ဖောက်ထည့်လိုက်ပါ။ ငါးသေတ္တာအစား ပုစွန်၊ ကြက်ရိုး စတဲ့ အသားတစ်မျိုးမျိုးကို ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။
  • တုန်ယမ်းဟင်းရည်ကျက်ခါနီးမှာ အနံ့မွှေးမွှေးလေးဖြစ်အောင် ရှောက်ရွက်လေး အုပ်ပေးလိုက်ပါ။
  • ဒါဆိုရင်တော့ လုပ်ရလွယ်သလောက် အရသာထူးတဲ့ တုန်ယမ်းဟင်းရည်လေးရပါပြီ။
  • အနံ့ရော အရသာပါ ထူးကဲကောင်းမွန်တဲ့ တုန်ယမ်းဟင်းရည်တစ်ခွက်ရဲ့ လျှို့ဝှက်ချက်က အုန်းနို့ထည့် ပေးတာပါပဲ။ အုန်းနို့မထည့်ရင် တုန်ယမ်းဟင်းရည်မှာ တစ်ခုခုလိုနေသလို ဖြစ်နေတတ်ပါတယ်။

မိုးအေးတဲ့ နေ့ရက်တွေမှာ ချဥ်ချဥ်စပ်စပ်ဟင်းရည်တစ်ခွက်နဲ့ ပွင့်ထွက်သွားချင်ရင်တော့ တုန်ယမ်းဟင်းရည်က အသင့်တော်ဆုံးပဲမဟုတ်လား။ အခုချက်နည်းလေးအတိုင်း လက်စွမ်းပြလိုက်ရင် မိသားစုတွေရဲ့ အသဲစွဲ ဟင်းပွဲ က တုန်ယမ်းဟင်းရည်ဖြစ်သွားတော့မှာနော်။



Share

Comments

Ri Ka

လူငယ်ဆိုတော့အပြင်မှာစားဖြစ်တာများတယ် ဒီလိုလေးတွေကြိပြီးချက်စားဖြစ်တယ် အရမ်းနှစ်သက်သွားပြီဒီဆောင်းပါးwebsiteကို❤️ နောက်လည်းဆက်ရပ်တည်သွားပါအူးရှင်။